spot_img

ဘာစီလိုနာအသင်းတွင် လက်ရွေးစင်အသင်းဖော် မက်ဆီ ဆက်ရှိနေမည်ဟု အဂွဲရိုး ယုံကြည်

မေလ ၃၁ ရက်က ဘာစီလိုနာအသင်း သို့ တရားဝင်ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူးသစ် အဂွဲရိုးက လက်ရွေးစင်အသင်းဖော် မက်ဆီသည် ကလပ်အသင်း၌ ဆက်လက် ကစားသွားမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အတူတွဲကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ လီယို(မက်ဆီ)နဲ့တွဲကစားဖို့ဆိုတာက သူနဲ့ ကလပ်အသင်း ဆုံးဖြတ်ချက်ချရမှာပါ။ နိုင်ငံ အသင်းမှာ လူငယ်ကစားသမားဘဝကတည်း က သူနဲ့ ကျွန်တော် တွဲကစားခဲ့ကြပြီး သူ့အ ကြောင်း ကောင်းကောင်းသိပါတယ်။ ဒီအသင်းမှာ သူ ဆက်ကစားမယ်လို့ ကျွန်တော် ယူဆပါတယ်။ အသင်းအတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကြပါလိမ့်မယ်”ဟု အဂွဲရိုးက ပြောကြားခဲ့သည်။ ထို့ပြင် အဂွဲရိုးက မန်စီးတီးအသင်းတွင် ခြေစွမ်းပြခဲ့သည့်ပုံစံမျိုးကို အသင်းသစ် ဘာစီလိုနာ၌ ထပ်မံပြသလိုသည်ဟုလည်း မိတ်ဆက်ပွဲတွင် ကတိပြုခဲ့သည်။

myan789

ဘာစီလိုနာအသင်းသည် မန်စီးတီး အသင်းနှင့်လမ်းခွဲခဲ့သည့် အာဂျင်တီးနားဝါရင့် တိုက်စစ်မှူး အဂွဲရိုးကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ယူရိုသန်း ၁၀၀ တန် လျော်ကြေး စာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အဂွဲရိုးကို ခေါ်ယူရန် အစောပိုင်းကတည်းက သဘောတူညီမှု ရရှိထားခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှသာ တရားဝင်စာချုပ် ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်သည်။

ဇွန်လ ၂ ရက်(ယနေ့)တွင် အသက် ၃၂ နှစ် ပြည့်သည့် အဂွဲရိုးသည် မန်စီးတီးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ယှဉ်ပြိုင်ကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းက သက်တမ်းတိုးလိုခြင်းမရှိတော့သောကြောင့် လမ်းခွဲခဲ့ရ ခြင်းလည်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် အဂွဲရိုးကို ဆေးစစ်ဆေးမှု၊ စာချုပ်ချုပ် ဆိုမှုနှင့် မိတ်ဆက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁ ရက်တွင် စတင်လက်တွဲ မည်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအ သင်းသည် အဂွဲရိုးဝတ်ဆင်ရမည့် ကျောနံပါတ်နှင့် ပေးချေရမည့် လစာနှုန်းထားများကို ဖော်ပြခြင်းမရှိသော်လည်း ဘရေ့ဝိတ် ဝတ်ဆင်နေသည့် နံပါတ် ၉ ကို လွှဲပြောင်း ပေးအပ်ဖွယ်ရှိကြောင်းနှင့် လစာအဖြစ် တစ်ပတ် ပေါင် ၁၃၀၀၀၀ ရရှိမည်ဟု မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular