ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပိုင်းက မိမိအနေဖြင့် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။
နယ်သာလန်လက်ရွေးစင်တိုက်စစ် ကစားသမား ဒီပိုင်း(၂၇ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်ယွန်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းမှာ ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရသလို၊ ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ESPN နှင့် အင်တာဗျူး တွင် အင်တာဗျူးသမားက ဘာစီလိုနာ အသင်းသို့ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တရသလားဟု ဒီပိုင်းကိုမေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းကို ဒီပိုင်းက “ခင်ဗျား ဘာလို့ ဒီမေးခွန်းကို မေးတာ လဲ။ ဘာစီလိုနာက ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပြီး ကစားသမားတိုင်း လာကစားချင်တဲ့အသင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး”ဟု ပြန်ဖြေခဲ့သည်။