spot_img

ဘာစီလိုနာနှင့် စာချုပ်သက်တမ်းတိုးနိုင်ကြောင်း ပြောကြားလိုက်တဲ့ ဟန်စီဖလစ်

ဘာစီလိုနာအသင်းဟာ ၂၀၂၅ ခုနှစ်အတွက် စတင်မှုကောင်းများကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ထားပြီး တနင်္ဂနွေနေ့တွင် ဆီဗီလာသို့ သွားရောက်ကစားရန် ရှိနေပါတယ်။ ကက်တလန်ကလပ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကိုပါဒဲရေးတွင် ဗလင်စီယာကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ်ရေးအတွက် ယှဉ်ပြိုင်နိုင်ရန် လိဂ်ပွဲစဉ်များတွင် ဆက်လက်အနိုင်ရရန် လိုအပ်ကြောင်း သိရှိထားပါတယ်။

ဆီဗီလာဟာ လွန်ခဲ့တဲ့ လများအတွင်း တိုးတက်လာခဲ့ပြီး ဤအချက်ကို ဟန်စီဖလစ်က သတိပြုမိနေပါတယ်။ သူက ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်မယ်လို့ မျှော်လင့်ထားသော်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နောက်ထပ် ၃ မှတ်ရရှိရန် ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ “ဆီဗီလာမှာ အားပေးမှုက အံ့သြစရာကောင်းတယ် အရမ်းကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဗလင်စီယာနဲ့ ပွဲစဉ်အစမှာလည်း အလားတူပါပဲ၊။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးကို ကျွန်တော်တို့ရဲ့ စတိုင်နဲ့ ကစားချင်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတာက ပွဲတိုင်းကို အစကနေ စကစားရမယ်ဆိုတာပါ” လို့ နည်းပြက ပြောပါတယ်။

myan789

ဘာစီလိုနာဟာ အနိုင်ရရှိပါက သူတို့ရဲ့ပြိုင်ဘက်တွေထဲက အနည်းဆုံး တစ်သင်းနှင့် အမှတ်ကွာဟချက်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နှင့် အက်သလက်တီကိုမက်ဒရစ်တို့ဟာ စနေနေ့မှာ ကစားရန် ရှိနေပါတယ်။ ဖ

 Valencia 5-0 in the Copa 

လစ်က ဘာနေဗျူးမှာကစားမယ့်ပွဲကို ကြည့်ရှုမယ်လို့ ဝန်ခံခဲ့ပါတယ်။ “ဟုတ်ပါတယ်။ အဲ့ဒီပွဲကို ကျွန်တော်ကြည့်ပါမယ်။ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဒါက ဥရောပရဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါ။ ဒါပေမယ့် အရင်ဆုံး ဘာကာအက်သလက်တစ် ပွဲကို ကြည့်ပြီးမှ ညစာစားပါမယ်” လို့ ပြောပါတယ်။

ဖလစ်ဟာ ဘာစီလိုနာနှင့် စာချုပ်တိုးချုပ်နိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရပါတယ်။ သူဟာ ယခုနွေရာသီတွင် ဇာဗီရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး ၂ နှစ် သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုခဲ့ကာ လက်ရှိတွင် ၁၈ လကျန်ရှိနေပါတယ်။သူ့ကို ကြာကြာနေစေလိုသူများ ရှိနေသော်လည်း နည်းပြကတော့ အနာဂတ်အတွက် ဆုံးဖြတ်ရန် အလျင်စလို မလုပ်လိုနေတာပါ။

“ကျွန်တော့်မှာ ဖိအားမရှိပါဘူး ဒီအသင်းနဲ့ ဒီကလုပ်ငန်းအတွက် အလုပ်လုပ်ရတာ ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော်တို့မှာ ပိုမိုကောင်းမွန်တဲ့ အလားအလာတွေ ရှိနေပါပြီး။ လာမာစီယာမှာ ရှိတဲ့ ကစားသမားတွေမှာ ဒါကို မြင်နေရပါတယ် သူတို့က အရမ်းကောင်းပါတယ်။ ကျွန်တော့်မှာ အချိန်ရှိပါသေးတယ် နောက်ထပ် ၁ နှစ်ကျန်ပါသေးတယ် ပြီးရင်တော့ စောင့်ကြည့်ရပါမယ်။နည်းပြတစ်ယောက်အတွက် တစ်ရာသီနဲ့ ၂ နှစ်ဆိုတာ အချိန်ကြာပါတယ်” လို့ ဖလစ်က ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular