ဘာစီလိုနာအသင်းသည် ဇယားထိပ်ဆုံးမှ ရီးယဲလ်အသင်း ခြေချော်မှသာ လာလီဂါချန်ပီယံဆုကို မျှော်လင့်နိုင်မည့် အခြေအနေဖြစ်နေသလို တိုက်စစ်မှူး ဂရီးဇ်မန်းမှာလည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။
ဂရီးဇ်မန်းသည် စနေနေ့က ဗယ်လာဒိုလစ်အသင်းနှင့်ပွဲတွင် ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသဖြင့် ဒဏ်ရာကိုစစ်ဆေးရာ ယာဘက်ခြေထောက် ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ကစားနိုင်မည်မဟုတ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
၎င်းမှာ ယင်းပွဲပထမပိုင်းတွင် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်(၂)ကြိမ်ကိုလည်း လွဲချော်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ရာသီနောက်ဆုံးပွဲစဉ်များဖြစ်သည့် အိုဆာဆူနာ၊ အလာဗတ်စ်တို့နှင့်နှစ်ပွဲစလုံး လွဲချော်ဖွယ်ရှိနေသည်။