spot_img

ဘာစီလိုနာစတားထက် ဘီလ်ဘာအိုစတားကိုသာ ပိုသဘောကျနေတဲ့ မော်ရင်ဟို

ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ဘာစီလိုနာစတား ယာမဲလ်ထက် ဘီလ်ဘာအိုစတား နီကိုဝီလီယံကို ပိုသဘောကျနေတယ်လို့ သိရပါတယ်။ ယာမဲလ် နဲ့ ဝီလီယံတို့ဟာ စပိန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပြီး တောက်ပခဲ့ကြတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ယာမဲလ်က ဘာစီလိုနာနဲ့အတူ ဆက်လက်တောက်ပနေပြီး ဒီရာသီလာလီဂါ ၁၅ ပွဲမှာ ၅ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဝီလီယံကို ဥရောပအသင်းကြီးတော်တော်များများက စိတ်ဝင်စားနေပြီး အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ ဘာစီလိုနာတို့က ခေါ်ယူချင်နေကြပါတယ်။

myan789

လာမယ့်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၈ သန်းရှိမယ့်အနေအထားဖြစ်တာကြောင့် ဘာစီလိုနာက ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက ရီးရဲလ်အနေနဲ့ ဝီလီယံကိုခေါ်ယူသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သတင်းထောက်တွေက မေးမြန်းရာမှာ မော်ရင်ဟိုက “လူတွေက ယာမဲလ်ကိုပဲပြောနေကြပါတယ်။ သူက တကယ့်အံ့ဖွယ်ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်ကတော့ နီကိုဝီလီယံကိုပိုသဘောကျပါတယ်။ သူက တကယ်ကောင်းတဲ့သူဖြစ်သလို ရီးရဲလ်အသင်းမှာ သူကစားတာကို မြင်ချင်ပါတယ်”လို့ မော်ရင်ဟိုက ဖြေကြားခဲ့ပါတယ်။

Yamal and William have shone together with Spain in Euro 2024.

မော်ရင်ဟိုက ဝီလီယံကို ရီးရဲလ်အသင်းမှာ မြင်ချင်နေပေမယ့် ရီးရဲလ်အသင်းမှာက ဘာပေ နဲ့ ဗင်နီတို့ရှိနေတာကြောင့် တောင်ပံကစားသမား ထပ်မံခေါ်ယူဖွယ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီက ဘာပေကို တိုက်စစ်မှာ အသုံးချနေတာကြောင့် ဝီလီယံကိုခေါ်ယူနိုင်ချေအလားအလာက ရှိနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ဖီနာဘာချီအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၅ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိထားကာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular