၂၀၁၂ တုန်းက ဆဲလ်တစ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာစတား မက်ဆီက မိမိတို့အသင်းဟာ ဆဲလ်တစ်စတား ဖော်စတာကိုခေါ်ယူဖို့ ပြောဆိုခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
အသက် ၃၆ နှစ်သားဟာ လက်ရှိမှာ တော့တင်ဟမ်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။ အင်္ဂလိပ်စတားဟာ ၂၀၁၂ – ၁၃ ရာသီတုန်းက မက်ဆီရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ကျော်ဖြတ်နိုင်စေခဲ့တာဖြစ်ပါတယ်။ စကော့တလန်ကလပ်ဟာ ဘာစီလိုနာအသင်းကို အနိုင်ယူကာ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၈၉% အထိ ရှိခဲ့သလို ကန်ချက်ကလည်း ၂၃ ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။
ဖော်စတာဟာ အဆိုပါပွဲမှာ လက်စွမ်းကောင်းပြသနိုင်ခဲ့ပြီး ၁၃ ကြိမ်လောက်အထိ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ “အဲ့နေ့ညက ကျွန်တော်တို့ ဖော်စတာအကြောင်း အချိန်အတော်ကြာပြောဖြစ်ခဲ့ပါတယ်။ စကော့တလန်မြေမှာ သူက လူသားတစ်ဦးမဟုတ်ဘူးတာကိုပြောဖြစ်ခဲ့သလို ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးပါ။
ဗဲလ်ဒက်စ်ထွက်ခွာခဲ့ရင် သူနဲ့တောင် အစားထိုးဖို့ ဘာစီလိုနာကို ပြောဖြစ်ပါတယ်”လို့ မက်ဆီက မှတ်ချက်ပြုခဲ့ပါတယ်။ မက်ဆီရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဖော်စတာက “အဲ့တာက တကယ်ကောင်းပါတယ်။ မဟုတ်ဘူးလားဗျာ?။ အခုလိုချီးကျူးခံရတာ စကားလုံးနဲ့တောင် ဖော်မပြနိုင်အောင်ဖြစ်မိပါတယ်။ ကျွန်တော်တို့ အဝေးကွင်းကစားခဲ့ရပါတယ်။ အဲ့တုန်းက ကျွန်တော် ကာကွယ်မှုတွေလုပ်နိုင်ခဲ့ပေမယ့် ၂-၁ နဲ့အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့အဝေးကွင်းစွမ်းဆောင်ရည်မျိုး ကျွန်တော်တို့ အိမ်ကွင်းဆီသယ်လာနိုင်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပရိသတ်တွေက ကျွန်တော်တို့နောက်မှာရှိနေမှာမလို့ပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ အဲ့တာက ကျွန်တော်တို့ အရာအားလုံးရှိခဲ့တဲ့ညတစ်ညပါ။ ခင်ဗျားသိလား။ ကျွန်တော် အစောပိုင်းမှာ ကာကွယ်မှုအများအပြားလုပ်နိုင်ခဲ့ပါတယ်။ အဲ့တာက ဆက်လက်သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အသင်းကလည်း စုစုစည်းစည်းဖြစ်ခဲ့သလို ခင်ဗျားအနေနဲ့ ဒီလိုပွဲမျိုးကန်ရတာကို မကြိုက်ပဲမနေပါဘူး။
ဒါပေမယ့် အဲ့ညက တော်တော်လေးဆူညံခဲ့ပြီး ကျွန်တော်တို့ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ တကယ့်ကိုမယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ခင်ဗျားအနေနဲ့ အိမ်ကွင်းမှာဆိုရင် အရာအားလုံးက ခင်ဗျားလက်ထဲမှာပါ။ ဘောလုံးက gym ဘောလုံးနဲ့ဆင်တူပါတယ်။ အဲ့တာက တကယ့်အံ့ဖွယ်ပါ။ ပွဲအပြီးမှာ ကျွန်တော် အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ တကယ့်ကို အံ့ဖွယ်ပါ။ ကျွန်တော်တို့ ဒီလိုပွဲမျိုးကို ကံကောင်းစွာနဲ့ ကစားနိုင်ခဲ့ပါတယ်။
ကျွန်တော် အရင်ကပြောခဲ့သလို ပရိသတ်အင်အားကြောင့် ကျွန်တော်တို့ အများကြီးစွမ်းဆောင်နိုင်ခဲ့တာပါ”လို့ ဖော်စတာက ပြောကြားခဲ့ပါတယ်။