ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမား ဂါဗီအား ခေါ်ယူရန် အခြေအနေကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် ဂါဗီအား ပထမအသင်းကစားသမားအဖြစ် မှတ်ပုံတင်ခြင်း အယူခံ အရေးနိမ့်ပြီးနောက် ကစားသမားအနေဖြင့် လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂါဗီ၏ အခြေအနေကို စောင့်ကြည့်နေပြီး နည်းပြသစ် တူဟယ်လ်မှာလည်း ဂါဗီကို နှစ်သက်သူဖြစ်ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းကမူ ဂါဗီကို အသင်း၏ အနာဂတ်အဖြစ် ရှုမြင်ထားပြီး ၎င်းကို ပထမအသင်းကြီးတွင် လာလီဂါလစာစည်းမျဉ်းနှင့်အညီ မှတ်ပုံတင်နိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းအနေဖြင့် ဂါဗီကို ပထမအသင်းကြီးတွင် မှတ်ပုံတင်မည်ဆိုပါက ကစားသမားများ၏လစာကိုလျှော့ချရမည် ဖြစ်သလို၊ ဝင်ငွေရရန်အတွက် အသင်းမှ ကစားသမားများကို ရောင်းထုတ်ရဖွယ်ရှိကြောင်း သိရှိရသည်။