spot_img

ဘရူနို ဖာနန်ဒက်စ် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ခြေရာကို လိုက်နင်းနိုင်တော့မှာလား ?

မနေ့ က မနက်ခင်း မှာ ဘရူနို ဖာနန်ဒက်စ် တစ်ယောက် မန်ချက်စတာ ဒါဘီ ပွဲ အတွက် လေ့ကျင့်ဖို့ ကာရင်တန် လေ့ကျင့်ရေး ကွင်းကို ရောက်လာ ခဲ့ ပါတယ် ။ အဲ့ဒိ အချိန် မှာ သူ့ကို အရာ တစ်ခုက စောင့်ကြို နေခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမား ဆုပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာ လ အတွင်း က ဖာနန်ဒက်စ် ရဲ့ စွမ်းဆောင် ခဲ့မှုတွေ အတွက် ဒီဆု ကို ရရှိ ခဲ့တာပါ ။

ဖာနန်ဒက်စ် ဟာ နိုဝင်ဘာလ ထဲ မှာ ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၄ ဂိုး သွင်းပြီး ၁ ဂိုး ဖန်တီး ပေးခဲ့ ပါတယ် ။ အဲ့ဒိ ဂိုးတွေ ထဲမှာ ပင်နယ်တီ ၁ ဂိုးသာ ပါခဲ့ပြီး ကျန်တဲ့ ဂိုးတွေ ကို ကစားကွက်တွေ ကနေ သွင်းယူ ပေးခဲ့ တာပါ ။

myan789

ဒါဟာ သူ့ဘ၀ အတွက် တတိယ အကြိမ်မြောက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမားဆု ဖြစ်စေ ခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ ၂၀၂၀ ဇန်နဝါရီ ကုန်ခါ နီးမှ မန်ချက် စတာ ယူနိုက်တက် ကို ရောက်လာ ခဲ့သူပါ ၊ တစ်နှစ် မပြည့်ခင် မှာပဲ ၁ လတာ အကောင်းဆုံး ကစား သမားဆု ကို ၃ ကြိမ် ရယူ နိုင်ခဲ့ ပါပြီ ။

ဒီလို စွမ်းဆောင် နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ၊ နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိတဲ့ ပရီးမီးယားလိဂ် ရဲ့ သမိုင်းမှာ ဘရူနို လိုမျိုး ပြက္ခဒိန် တစ်နှစ် အတွင်း တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို ၃ ကြိမ် ရယူ နိုင်တာက အက်ရှ်လေယန်း ( ၂၀၀၈ ) နဲ့ ဟယ်ရီကိန်း ( 2017 ) တို့ပဲ ရှိပါ သေးတယ် ။ ဒါက ထူးခြားတဲ့ မှတ်တမ်း တစ်ခုပါပဲ ။

ဒါ့အပြင် ဘရူနို ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ၃ ကြိမ်ဟာ ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် ကြီးတွေ ထက်လည်း များနေ ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် မှာ နှစ်ပေါင်း ၂၆ နှစ်ကြာ ကစား ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် ဂန္ထဝင်ကြီး ရိုင်ယန်ဂစ် ဟာ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ၂ ကြိမ်သာ ရခဲ့ဖူး ပါတယ် ။

ဂစ် တင် မဟုတ်ပါဘူး ၊ အီဒင် ဟာဇက် ၊ လူးဝစ် ဆွာရက် ၊ ဖာဘရီဂတ် ၊ ဘာဘာတော့ဗ် ၊ ဖာနန်ဒို တောရက်စ် တို့လို ဒိတ်ဒိတ်ကျဲ ပရီးမီးယားလိဂ် စတားတွေ လည်း ဒီဆု ကို ၂ ကြိမ်စီသာ ရယူ နိုင်ခဲ့ တာပါ ။ အခု ဖာနန်ဒက်စ် က ၃ ကြိမ် ရထားခဲ့ ပါပြီ ၊ အင်္ဂလန် မြေပေါ်ကို ခြေချလို့ ၁၂ လ မပြည့်သေးတဲ့ အချိန် အတွင်းမှာပါ ။

ဖာနန်ဒက်စ် ထက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ပိုရထားသူ က ၁၂ ဦး သာ ရှိပါတယ် ။ အဲ့ဒိ အထဲမှာ စီနီယာ ပေါ်တူဂီသားကြီး ခရစ္စတီယာနို ရိုနယ်ဒို က ၄ ကြိမ်သာ ရရှိ ထားပါတယ် ။ မကြာခင် ဖာနန်ဒက်စ် လိုက်မီတော့ မှာပါ ။ မန်ယူနိုက်တက် ရဲ့ ဂန္ထဝင်တွေ ဖြစ်တဲ့ ဝိန်းရွန်းနီ ၊ ဗန်ပါစီ တို့က ၅ ကြိမ်စီ ရယူထားကြပါတယ် ။ အများဆုံး ကတော့ အဂွေရို ဖြစ်ပြီး 7 ကြိမ် အထိ ရယူထား နိုင်ခဲ့တာပါ ။

ဆာအဲလက်စ် ဖာဂူဆန် အနား ယူသွားတဲ့ နောက်ပိုင်း 7 နှစ် အတွင်းမှာ ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို ဖာနန်ဒက်စ် မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက် ကစား သမားတွေ ထဲက ရယူ နိုင်တဲ့သူ ၃ ဦးသာ ရှိခဲ့ ပါတယ် ။ အန်တိုနီ မာရှယ် ၊ ဇလာတန် အီဘရာဟီမိုဗစ် နဲ့ မားကပ် ရက်ဖိုဒ့် တို့ပါ ။ တစ်ယောက်ကို တစ်ကြိမ်စီ သာ ရထားပါတယ် ၊ အခု ဖာနန်ဒက်စ် က ဖေဖော်ဝါရီ ၊ မတ် လ နဲ့ နိုဝင်ဘာ လတွေ မှာ ၃ကြိမ် ဆွတ်ခူး နိုင်ခဲ့ တာပါ ။

ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် မှာ ၂၄ ပွဲသာ ကစားရ ပါသေးတယ် ။ အခုထိ ၁၅ ဂိုး သွင်းပြီး ၁၁ ကြိမ် ဖန်တီး ထားနိုင် ခဲ့ပါပြီ ။ ၁ နှစ် ပြည့်ချိန် မှာ ဘယ်လောက်ထိ စွမ်းဆောင် ထားနိုင်မှာလဲ ? ရိုနယ်ဒို ၊ ဟာဇက် တို့ ကစားခဲ့တဲ့ အချိန်တွေ လောက်ဆိုရင် ဖာနန်ဒက်စ် ရဲ့ ကိန်းဂဏန်းတွေ က ဘယ်လောက် အထိ ဖြစ်လာ နိုင်မှာလဲ ?

သေချာ တာကတော့ ဘရူနို ဖာနန်ဒက်စ် ဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ခေါ်ယူမှုတွေ ထဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အကျိုးအပြုဆုံး ကစား သမား ဖြစ်တယ် ဆိုတာပါပဲ . . . ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular