spot_img

ဘရူနို ဖာနန်ဒက်စ် ပါဝင်လာတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ နေရာလိုက် အကောင်းဆုံး ၁၁ ယောက်

မန်ချက် စတာ ယူနိုက်တက် အသင်း ချန်ပီယံ လိဂ် ကနေ ထွက်ခွာ သွားပေမယ့် ကွင်းလယ် ကစား သမား ဘရူနို ဖာနန်ဒက်စ် ကတော့ အုပ်စု အဆင့် ရဲ့ နေရာ အလိုက် အကောင်းဆုံး ကစား သမား ၁၁ ယောက် စာရင်း ကို ပါဝင် နိုင်ခဲ့ ပါတယ် ။ ပေါ်တူဂီ ကွင်းလယ်လူ ဟာ အုပ်စု ပွဲစဉ် ၆ ပွဲ စလုံး မှာ ပါဝင် ကစား ခဲ့ပြီး ပွဲတိုင်း မှာ ပုံစံ ကောင်းပြသ နိုင်ခဲ့ တာကြောင့် အခုလို စာရင်းမှာ ပါဝင် နိုင် ခဲ့ တာပဲ ဖြစ် ပါတယ် ။

ဘောလုံး ပွဲတွေ ၊ ကစား သမား တစ်ဦးချင်းစီ ရဲ့ အချက် အလက်တွေ ကို မှတ်သား ဖော်ပြ လေ့ ရှိတဲ့ Whoscored သတင်း ဌာန ဟာ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် ၆ ပွဲ က ကစား သမားတွေ ရဲ့ Rating တွေကို နှိုင်းယှဉ် ပြီး အကောင်းဆုံး ၁၁ ယောက် ကို ထုတ်ဖော် ပြသခဲ့ ပါတယ် ။

myan789

ဒီစာရင်း မှာ ရှုံးထွက် အဆင့်ကို တက်ရောက် တဲ့ အသင်းက ကစား သမားတွေ ပါဝင်ခဲ့ သလို ဘရူနို ဖာနန်ဒက်စ် တို့လိုမျိုး နောက်တစ်ဆင့် မတတ်တဲ့ အသင်းက လူလည်း ပါဝင် လာခဲ့ ကြတာကို တွေ့ရှိ ခဲ့ရ ပါတယ် ။

အဲ့ဒိ အကောင်းဆုံး ၁၁ ယောက် ကတော့ . . . . .

ဂိုး – မန်နျူရယ် နျူအာ ( ဘိုင်ယန် မြုးနစ် ) Rating – 7.5
အသက်ကြီး လာပေမယ့် ဘိုင်ယန် ဂိုးသမားကြီး နူအာ ကတော့ မပျက်စီး သေးတဲ့ လက်စွမ်းတွေနဲ့ ရှေ့ဆက် နေပါတယ် ။ မနှစ်က ဘိုင်ယန် ကို ဖလား ၃ လုံး ရစေတဲ့ လက်တွေဟာ ဒီနှစ် မှာလည်း အကောင်းဆုံး အဆင့်မှာ ရှိနေဆဲဖြစ်ကာ သူပါဝင် တဲ့ အုပ်စု ၅ ပွဲမှာ ၄ ဂိုးသာ ပေးခဲ့ရပြီး Clean Sheet ၂ ပွဲ ရယူ ပေးနိုင်ခဲ့ ပါတယ် ။

နောက်တန်း – အဲလက်စ် ဆန်ဒရို ( ယူဗင်တပ် ) – Rating – 8.3
ယူဗင်တပ် ရဲ့ ဘရာဇီး နောက်ခံလူ ဆန်ဒရို ဟာ အသင်းရဲ့ ချန်ပီယံလိဂ် အုပ်စု ၃ ပွဲမှာ ပါဝင် ကစားခဲ့ပြီး သူပါတဲ့ ၃ ပွဲမှာ ယူဗင်တပ် တို့ ၁ ဂိုးသာ ပေးခဲ့ရ ပါတယ် ။ ဒါ့အပြင် တိုက်စစ် အားသန်တဲ့ နောက်ခံလူ ဟာ ဒိုင်နမို ကိဗ် နဲ့ ပွဲမှာ ဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။

နောက်တန်း – နိကလပ်ဆူးလ် ( ဘိုင်ယန်မြုးနစ် ) – Rating 7.6
ဘိုင်ယန်မြူးနစ် ရဲ့ ခံစစ် အကြောင်း ချီးကျုးမယ် ဆိုရင် နူအာ နဲ့ မပြည့်စုံ နိုင်ပါဘူး ။ ဘိုင်ယန် ဟာ နီကလပ်ဆူးလ် ပါဝင်တဲ့ ၄ ပွဲမှာ ၂ ဂိုးသာ ပေးခဲ့ရပြီး ခံစစ်မှူး ကိုယ်တိုင် လိုကို မိုးတစ် မော်စကို နဲ့ ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့ ပါတယ် ။

နောက်တန်း – ခရစ်ရှန် ရိုမဲရိုး ( အတ္တလန်တာ ) – Rating – 8.2
ရိုမဲရိုး ဟာ အတ္တလန်တာ ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ပွဲမှာ ပါဝင် ကစားခဲ့ပြီး ပွဲတိုင်းမှာ ပုံစံ ကောင်း ပြသ နိုင်ခဲ့ ပါတယ် ။ ဒီ ၅ ပွဲစလုံး မှာ အတ္တလန်တာ တို့ အရှုံး ကို မကြုံတွေ့ခဲ့ ပါဘူး ။ ပေးဂိုး ၃ ဂိုးသာ ရှိခဲ့ပြီး ရိုမဲရိုးက တော့ ကိုယ်တိုင် ၁ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။

နောက်တန်း – ဟွမ် ကွာဒရာဒို ( ယူဗင်တပ် ) – Rating – 7.5
ယူဗင်တပ် တို့ အုပ်စု ဗိုလ်နဲ့ နောက်တစ်ဆင့် တက်ခဲ့ သလို ယူဗင်တပ် နောက်ခံလူ ၂ ဦး ဟာလည်း အကောင်းဆုံး ၁၁ ယောက်ထဲ ပါဝင် ခဲ့ ပါတယ် ။ ကွင်းလယ် တောင်ပံ သမား အဖြစ် နဲ့ စတင်ခဲ့တဲ့ ကွာဒရာဒို ဟာ Wing-back ဘ၀ မှာ ပိုမို ကောင်းမွန်သူ ဖြစ်လာခဲ့ ပါတယ် ။ အုပ်စု ၅ ပွဲ မှာ ဝင်ကစားပြီး ဖန်တီးမှု ၅ ကြိမ် ပြုလုပ် ထားနိုင်တာ ကတော့ ကွာဒရာဒို ကို မချီးကျုးဘဲ မနေနိုင်အောင် ပါပဲ ။

ကွင်းလယ် – နေမာ ( PSG ) – Rating – 8.1
မနှစ် က PSG ချန်ပီယံလိဂ် ဖိုင်နယ် တက်ရေးမှာ အဓိက ကျခဲ့တဲ့ နေမာ တစ်ယောက် ဒီနှစ် မှာလည်း အသင်းရဲ့ အဓိက ကစား သမား အဖြစ် ဆက်လက် ရှိနေခဲ့ ပါတယ် ။ အစ္စတန်ဘူ ဘာဆက်ဆီဟာ ဘက်ကို ဟက်ထရစ် သွင်းယူ ခဲ့မှု အပါအဝင် အုပ်စု အဆင့်မှာ ၆ ဂိုး သွင်းယူပေး ခဲ့ကာ Man of the Match ၃ ကြိမ် ရရှိခဲ့ ပါတယ် ။

ကွင်းလယ် – ဂျိူရှူအာ ကင်မစ်ချ် ( ဘိုင်ယန် မြူးနစ် ) – Rating – 8.5
UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး နောက်တန်း ကစား သမား ဆုကို ရရှိ ခဲ့တဲ့ ကင်မစ်ချ် ဟာ ဒီနှစ် မှာလည်း ဘိုင်ယန် ရဲ့ အသက်သွေးကြော အဖြစ် ရှိနေ ခဲ့ ပါတယ် ။ အုပ်စု ၃ ပွဲသာ ဝင် ကစား ခဲ့ပေမယ့် ကင်မစ်ချ် ဟာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး အသင်းဖော်တွေ ကို ၃ ကြိမ် ဖန်တီးမှု ပြုလုပ် ပေးနိုင် ခဲ့ ပါတယ် ။

ကွင်းလယ် – ဘရူနို ဖာနန်ဒက်စ် ( မန်ချက်စတာ ယူနိုက်တက် ) – Rating – 7.5
ဒီစာရင်းထဲ မှာ ဘရူနို ဖာနန်ဒက်စ် ဟာ ရှုံးထွက် အဆင့်ကို မတက် ရောက်နိုင်တဲ့ တစ်ဦး တည်းသော ကစား သမားပါပဲ ။ ဒီလို ပါဝင် နိုင်အောင်လည်း ဖာနန်ဒက်စ် ဟာ ၄ ဂိုး သွင်းပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ် ပေးထား ခဲ့ ပါတယ် ။

ရှေ့တန်း – လီယွန်နယ် မက်ဆီ ( ဘာစီလိုနာ ) – Rating – 8.9
အုပ်စု အဆင့် ၁၁ ယောက် ထဲ မှာတော့ မက်ဆီ ရဲ့ Rating က အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။ ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် အုပ်စု ၆ ပွဲမှာ ၄ ပွဲသာ ဝင် ကစား ခဲ့ပေမယ့် ၃ ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီးပြီး ပွဲတိုင်းမှာ Man of the Match ဖြစ်ခဲ့ ပါတယ် ။ မက်ဆီ ကတော့ မက်ဆီ အဖြစ် ဆက်ရှိ နေ ဆဲပါလို့ ပြောရမှာပါပဲ ။

ရှေ့တန်း – ခရစ္စတီယာနို ရိုနယ်ဒို ( ယူဗင်တပ် ) – Rating – 8.1
ချန်ပီယံလိဂ် အကြောင်း ပြောကြရင် မက်ဆီ မပါဘဲ မပြီးသလို ရိုနယ်ဒို မပါဘဲ နဲ့လည်း မပြီး နိုင်ပါဘူး ။ အသက် ၃၅ နှစ် ထဲ ရောက် နေပြီ ဖြစ်ပေမယ့် ပေါ်တူဂီ သားကြီး ရဲ့ စွမ်းဆောင်ရည် တွေကတော့ ထိပ်တန်း အဆင့် မှာ ရှိလို့ နေပါသေးတယ် ။ ဘာစီလိုနာ ဘက်ကို သွင်းခဲ့တဲ့ ၂ ဂိုး အပါအဝင် ချန်ပီယံလိဂ် ၄ ပွဲမှာ ၄ ဂိုး သွင်းယူ ခဲ့ပါတယ် ။

ရှေ့တန်း – အာလင်း ဟာလန်း ( ဒေါ့မွန် ) – Rating – 8.3
အနာဂါတ် ရဲ့ ဂိုးသွင်းစက် လို့ နာမည်ကျော် နေတဲ့ ဒေါ့မွန် တိုက်စစ်မှူးလေး ဟာလန်း ကလည်း ဒီစာရင်း မှာ GOAT ၂ ဦး နဲ့ အတူ ပါဝင် လာခဲ့ပ ါတယ် ။ ဒေါ့မွန် အတွက် အုပ်စု ၄ ပွဲ ဝင်ကစားပြီး ၆ ဂိုး သွင်းပေး ခဲ့တဲ့ ဟာလန်း တစ်ယောက် ရှုံးထွက် အဆင့် မှာလည်း ဂိုးတွေ ထပ်သွင်းဖို့ အားခဲ နေဦးမှာ အသေအချာပါပဲ . . .

UCL Group Stage XI
နူအာ
ကွာဒရာဒို ၊ ရိုမဲရိုး ၊ ဆူးလ် ၊ ဆန်ဒရို
ဖာနန်ဒက်စ် ၊ ကင်မစ်ချ် ၊ နေမာ
မက်ဆီ ၊ ဟာလန်း ၊ ရိုနယ်ဒို

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular