spot_img

ဘရူနို ဖာနန်ဒက်စ်နဲ့ ရုပ်ချင်းဆင်တယ်လို့ ပြောနေကြတာတွေ အပေါ် တုန့်ပြန်လာတဲ့ တူနီးရှား တိုင်ကွမ်ဒို အိုလံပစ် ငွေတံဆိပ်ဆုရှင် ဂျန်ဒူဘီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျို အိုလံပစ်ရဲ့ ၅၈ကီလိုတန်း တိုင်ကွမ်ဒို ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်မှာ တူနီးရှားသား ၊ အသက် ၁၉နှစ် အရွယ် ၊ မိုဟာမက် ခါလီ ဂျန်ဒူဘီ ဟာ ငွေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ် ။

ဂျန်ဒူဘီ ဟာ ဒီမတိုင်ခင်က ဆိုရှယ်မီဒီယာ အထက်မှာ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်နဲ့ ရုပ်ချင်းဆင်တဲ့ အတွက် ၊ troll ပေ့ဂျ်တွေမှာ ၎င်းရဲ့ ဓာတ်ပုံနဲ့ တွဲဖော်ပြခံခဲ့ရပြီးနောက် ၊ လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ် ။

myan789

ယင်းဆယ်ကျော်သက် တူနီးရှားသား ဟာ ဗိုလ်လုပွဲမှာ အီတလီ က ဗီတို ဒယ်လ်အကွီလာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ရင်ဆိုင်ခဲ့ရကာ ၊ နောက်ဆုံး အခိုက်အတန့်မှာမှ အရှုံးပေးခဲ့ရပြီး ၊ ဒုတိယနေရာ ( ငွေတံဆိပ် ) နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။

သို့ပေမယ့်လည်း ဂျန်ဒူဘီ ဟာ တိုကျို အိုလံပစ် ပြိုင်ပွဲ အတွက် အာဖရိကတိုက်ရဲ့ ပထမဆုံး ဆုတံဆိပ် ရရှိခဲ့သူ ဖြစ်လာခဲ့ပါတယ် ။ ဂျန်ဒူဘီ ဟာ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိဖို့ အတွက် အီသီယိုးပီယားသား ဆော်လမွန် ဒမ်ဆီနဲ့ ပြိုင်ပွဲမစတင်ခင်က ရွှေတံဆိပ်ဆုရဖို့ ရေပန်းစားနေခဲ့တဲ့ တောင်ကိုးရီးသား ဂျန်ဂျန်း ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ၎င်းရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုရမှာ ဖြစ်ပြီး ၊ တဖက်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ရုပ်ချင်းဆင်တဲ့ အတွက် ၎င်းရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလာမလဲ ဆိုတာ လူတွေက စိတ်ဝင်စားခဲ့ကြပါတယ် ။

ယင်း ဗိုလ်လုပွဲ အပြီး beIN Sport သတင်းထောက် တဦးက ဂျန်ဒူဘီကို ကိုယ့်ကိုယ်ကို ဘရူနို ဖာနန်ဒက်စ်နဲ့ ဆင်တူတယ်လို့ သတိမထားမိဘူးလားလို့ မေးမြန်းလိုက်တဲ့အခါ ၊ ၎င်းက ” ကျွန်တော်က ကိုယ့်ကိုယ်ကို အိုဇေးလ်နဲ့ ပိုတူတယ်လို့ ထင်နေတာ ” လို့ ရိုးရိုးသားသား တုန့်ပြန်ခဲ့ပါတယ် ။

ဂျန်ဒူဘီ ဟာ တူနီးရှားနဲ့ အာဖရိကတိုက် အတွက် ပထမဆုံး တိုကျို အိုလံပစ် ဆုတံဆိပ်ကို ဆွတ်ခူးပေးခဲ့ပေမယ့် ၊ မရှေးမနှောင်းမှာပဲ မီတာ ၄၀၀ ရေကူးပြိုင်ပွဲမှာ တူနီးရှား ဆယ်ကျော်သက် ရေကူးသမား အာမတ် ဟက်ဖ်နူဝီ က ၄၃.၂၆ စက္ကန့်နဲ့ တူနီးရှားနိုင်ငံနဲ့ အာဖရိကတိုက် အတွက် ပထမဆုံး တိုကျို အိုလံပစ် ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular