ဘရူနိုဟာ ဘယ်လောက် တန်ကြေး ရှိသလဲဆိုတာ ပြောပြရင်း ယူနိုက်တက် ဂန္ဓဝင် နှစ်ဦးနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့ ဒေးဗစ်မေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အားနည်း နေတဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်းမှ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်ကို ပေါင် 68 သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့ ပါတယ် ။

ဘရူနိုဟာ ယူနိုက်တက်ကို စတင် ရောက်ရှိ ကတည်းက ပုံစံကောင်း တွေကို ဆက်တိုက် ပြသ ထားနိုင် ခဲ့တဲ့ အပြင် အသင်းရဲ့ ကစားပုံ တိုးတက်အောင် ၊ အသင်းဖော်တွေ ကစားပုံ ပိုမို ကောင်းမွန်အောင် ကူညီ ပေးနိုင် ခဲ့တဲ့ အတွက် ချီးကျူးမှု တွေကို အထူး ခံနေရသူ တစ်ဦးပဲ ဖြစ်ပါတယ် ။

myan789

ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အသင်းကို ရောက်ရှိ ခဲ့တဲ့နောက် တိုက်စစ် ကစားသမား တွေကို အထူး အကူအညီ ပေးနိုင်ခဲ့ သလို ဝေဖန်မှု တွေ ခံနေခဲ့ ရတဲ့ ပေါလ် ပေါ့ဂ်ဘာ နဲ့ တွဲဖက် ကစားရင်း အကောင်းဆုံး အရည်အသွေး တွေကို ပြသ နိုင်အောင် တစ်ဖက် တစ်လမ်းက ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ရဲ့ ဆုဖလား သုံးလုံး ဆွတ်ခူး နိုင်ခဲ့တဲ့ ဘောလုံး ရာသီမှာ ပါဝင် ခဲ့တဲ့ ဒေးဗစ်မေ က ပုံစံကောင်း တွေကိ ဆက်တိုက် ပြသ ထားနိုင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ တန်ဖိုး ဖြတ်မရအောင် အဖိုးတန် လွန်းသူ ဖြစ်ကြောင်း အထူး ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် တို့ဟာ ပေါလ် စခိုးလ် ရဲ့ ကွက်လပ် ကို အင်အား ဖြည့်တင်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊ ဘရူနို ဖာနန်ဒက်စ် ဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ယူနိုက်တက် အသင်း ကို ဆု ဖလား တွေ စတင် ရရှိ နိုင်အောင် ကူညီ ပေးနိုင် ခဲ့တဲ့ ကန်တိုနာ လို အရေးပါတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ဒေးဗစ်မေ က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ခင်ဗျားတို့ အခု အချိန်မှာ ဘရူနို ဖာနန်ဒက်စ် အတွက် ဈေးနှုန်း တစ်ခု သတ်မှတ် ပေးလို့ မရနိုင် ပါဘူး ။ သူဟာ လ အနည်းငယ် အတွင်းမှာပဲ ယူနိုက်တက် အတွက် အရမ်းကို အရေးပါလွန်းသူ ဖြစ်နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက်ဟာ ဘရူနို ကို ခေါ်ယူ နိုင်ရေး အတွက် ငွေတွေ အပိုကုန် ခဲ့တယ်လို့ ပြောဆိုသူတွေ ရှိနေ ခဲ့ကြ ပါတယ် ”

” အခုတော့ အဲ့တာက ဟာသ တစ်ခုလို ပါပဲ ။ အကယ်လို့ သူဟာ အသင်း အတွက် ဘာတွေ လုပ်ဆောင် ပေးနိုင်လိမ့် မလဲ ဆိုတာကို ကျွန်တော်တို့ ကြိုတင် သိနေခဲ့မယ် ဆိုရင် သူ့ကို ဈေးချိုချို နဲ့ ခေါ်ယူနိုင် ခဲ့တယ် လို့တောင် ပြောမိ ကြမှာ အသေအချာ ပါပဲ ။ အခုတော့ သူဟာ တန်ဖိုးဖြတ် မရတဲ့ ကစားသမား ဖြစ်နေ ပါပြီ ” လို့ ပြောရင်း ဘရူနို နဲ့ ကန်တိုနာ တို့ကို ဆက်လက် နှိုင်းယှဉ် သွားခဲ့လိုက် ပါတယ် ။

” 1993 ခုနှစ် တုန်းက အဲရစ် (ကန်တိုနာ) ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပထမဆုံး အမှတ်ပေး ဖလား ရရှိအောင် ကူညီ ပေးနိုင် ခဲ့တဲ့နောက် အသင်း ရဲ့ နောက်ပိုင်း ဆွတ်ခူးနိုင် ခဲ့တဲ့ ဆုဖလားတွေ အတွက် အစပျိုး ပေးနိုင် ခဲ့တဲ့ အရေး အပါဆုံး ကစားသမား ဖြစ်ခဲ့ရ ပါတယ် ”

” သူ့ရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ် ခံယူချက် တွေက ယူနိုက်တက် အသင်း ရဲ့ အဝတ်လဲခန်း ထဲက ကစားသမား တွေ အားလုံး ရဲ့ စိတ်ဓါတ် ကို ပြောင်းလဲ သွားစေ နိုင်ခဲ့ ပါတယ် ။ အခု အချိန်မှာ ဘရူနို က တူညီတဲ့ အရာ တွေကို လုပ်ဆောင် ပြနေ ပါပြီ ။ သူ အသင်းကို ရောက်တာ လပိုင်းပဲ ရှိနေပါ သေးတယ် ။ ဒါပေမယ့် Boss တစ်ယောက်လို ဖြစ်နေ ပါပြီ ။ အသင်းသား တွေက သူ့ရဲ့ ဦးဆောင်မှု နောက်ကို လိုက်လာ နေခဲ့ကြ ပါပြီ ”

” ကစားသမား တစ်ဦး အတွက် ယူနိုက်တက်လို ကြီးမားတဲ့ ကလပ် အသင်း တစ်ခုဆီ လာရောက်ပြီး အသင်းဖော် ကစားသမားတွေ အပေါ် ရုတ်ချည်း အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် ပေးနိုင်ဖို့ အတွက် စပါယ်ရှယ် အရည်အသွေး ကောင်းတွေကို လိုအပ် ပါတယ် ”

” အန်သိုနီ မာရှယ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့ အခု ပြသ နေကြတဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ရှု လိုက်ပါ ။ သူတို့ နှစ်ဦးဟာ အခု အချိန် အမြင့်မှာ ပျံသန်း နေကြ ပါပြီ ။ လုံးဝ ခြားနားတဲ့သူ တွေ ဖြစ်လာ ခဲ့ကြ ပါပြီ ။ အဲ့တာ တွေက ဘရူနို ဖာနန်ဒက်စ် နဲ့ တိုက်ရိုက် ပတ်သက် နေပါတယ် ”

” သူတို့ တွေက ကွင်းလယ်မှာ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု လုပ်ဆောင် နိုင်မယ့် အသင်းဖော် ရှိနေပြီ ဆိုတာ သိရှိနေကြ ပါပြီ ။ ပေါ့ဂ်ဘာ ဟာလည်း အဲ့ဒီလို ပါပဲ ။ အကယ်လို့ ပေါ့ဂ်ဘာ က ကစားသမားသစ် ခေါ်ပေးဖို့ ပြောရင် အဲ့တာကို ထည့်သွင်း စဉ်းစားဖို့ လိုအပ် ပါတယ် ။ အခုပဲ ဘရူနို ကြောင့် သူဟာ ဘယ်လို ကောင်းမွန် လာပြီလဲ ဆိုတာ မြင်တွေ့ နေရတယ် လေ ”

” ကစားသမား တစ်ယောက်ထဲက အသင်းဖော် အများကြီးကို ပြောင်းလဲ ပေးပြီး အသင်းကိုပါ ရုတ်ချည်း ပြောင်းလဲအောင် လုပ်ဆောင် ပေးနိုင်တာက ခမ်းနားတဲ့ အရာ တစ်ခု ပါပဲ ။ ကန်တိုနာလို ပါပဲ ၊ ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အသင်းမှာ လိုအပ် နေခဲ့တဲ့ ပဟေဠိ ရဲ့ အဖြေ တစ်ခု ပါပဲ ။ သူဟာ အားလုံးကို ပိုကောင်း လာအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ”

” သူဟာ ကြားခံ ပေါင်းကူး ပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ ။ နောက်လိုက် တစ်ယောက် မဟုတ် ပါဘူး ။ စခိုးလ် က သူ့ဆီမှာ ဘောလုံး မရောက်ခင် ကတည်းက ဘယ်ကို ပေးရ မလဲဆိုတာ တွေးပြီးသား လို့ ပြောခဲ့ဖူး ပါတယ် ။ ဘယ်သူတွေ ဘယ်လို လှုပ်ရှား နေကြသလဲ ဆိုတာ သူ ကောင်းကောင်း သိပါတယ် ”

” ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ်မှာ တုန်းက ဘရူနို ဖာနန်ဒက်စ် ရဲ့ ဖန်တီး နိုင်မုှ အချို့က အံ့ဖွယ် ဖြစ်ခဲ့ရ ပါတယ် ။ သူဟာ ချိတ်ဆက် ကစားပုံ ကောင်းမွန်ခဲ့ သလို သွင်းဂိုး နှစ်ဂိုးလုံး ရရှိအောင် ဖန်တီးမှု လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ သူဟာ ပြိုင်ဖက် ခံစစ် ကစားသမားတွေ ပြိုလဲ သွားအောင် ဘယ်လို ပေးပို့မှု တွေကို လုပ်ဆောင် ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ”
” ဖာနန်ဒက်စ် ရဲ့ လှုပ်ရှားမှု အတော် များများ မှာ ကျွန်တော် ဟာ ပေါလ် စခိုးလ် ရဲ့ ပုံရိပ် တွေကို မြင်တွေ့ နေခဲ့ရ ပါတယ် ။ ပေါ့ဂ်ဘာဟာ အသင်း ရဲ့ tempo ကို ထိန်းနိုင် သလို အတင် အချလည်း လုပ်ဆောင် နိုင်စွမ်း ရှိပါတယ် ။ သူဟာ အလန်းစား ပေးပို့မှု တွေကို ဘလိုင်းကြီး လုပ်နိုင် သလို ဂိုးလည်း သွင်းယူ နိုင်စွမ်း ရှိပါတယ် ”

” ဘရူနို ဟာလည်း အဲ့တာတွေ အားလုံးကို လုပ်ဆောင် ပေနိုင်းစွမ်း ရှိသူ တစ်ဦး ပါပဲ ။ သူနဲ့ ပတ်သက်ကြီး အထူး အမွှမ်းတင် ရမယ် ဆိုရင်တော့ ဆာ အဲလက်စ် ဖာဂူဆန် တောင်မှ သူ့ရဲ့ အသင်း မှာ ဘရူနို ရှိနေမယ် ဆိုရင် နှစ်သက် ပျော်ရွှင် နေပါလိမ့်မယ် ” လို့ ဒေးဗစ်မေ က အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular