spot_img

ဘရူနိုဖာနန်ဒက်စ်အနေဖြင့် မန်စီးတီး သို့မဟုတ် လီဗာပူးလ်တွင် ကစားပါက အလွန်ကောင်းသည့်ကစားသမား ဖြစ်လာလိမ့်မည်ဟု ဆောင်းနက်စ် ဆို

လီဗာပူးလ်ဂန္ထဝင် ဆောင်းနက်စ်က မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အနေဖြင့် မန်စီးတီး သို့မဟုတ် လီဗာပူးလ်တွင် ကစားပါက အလွန်ကောင်းသည့်ကစားသမား ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အသက် (၂၉) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်းမှ မန်ယူအသင်းထံသို့ ပေါင် (၆၇.၅)သန်း ဖြင့် ရောက်ရှိလာသူဖြစ်သည်။

myan789

၎င်းသည် မန်ယူအသင်းအတွက် (၄)ရာသီကျော်အတွင်း ပြိုင်ပွဲစုံ (၂၁၃)ပွဲ၌ ဂိုး (၇၀)သွင်းကာ ဂိုးဖန်တီးမှု (၅၉) ကြိမ်အထိ ပြုလုပ်ပေးထားသည်။ ထို့ကြောင့် ၎င်းသည် ယခုရာသီအစတွင် မန်ယူအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ဆောင်းနက်စ်က ဘရူနိုဖာနန်ဒက်စ်သည် အသင်းခေါင်းဆောင်ဖြစ်နိုင်သည့်အရည်အချင်းမရှိသော်လည်း မန်စီးတီး သို့မဟုတ် လီဗာပူးလ်တွင် ကစားပါက အလွန်ကောင်းသည့် ကစားသမားဖြစ်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆောင်းနက်စ်က “သူက အသင်းခေါင်းဆောင် လုပ်နိုင်သူ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ သူ့ ရဲ့အရည်အသွေးက အရမ်းကောင်းပြီး လီဗာပူးလ် (သို့) မန်စီးတီးမှာသာ ကစားမယ်ဆိုရင် တကယ်ကောင်းပါလိမ့်မယ်။ ဒါဆို မန်ယူမှာလိုမျိုး စိတ်ပျက်နေတဲ့ သူ့ရဲ့ပုံစံကိုလည်း မြင်ရမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular