ဘရိုက်တန်နဲ့ပွဲစဉ်က သူ့ရဲ့ ဒုတိယသွင်းဂိုး နောက်ကွယ်က အကြောင်းရင်းကို ပြောပြလိုက်တဲ့ ဆာလား

မိုဟာမက်ဆာလားက မနေ့ညက ဘရိုက်တန်ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ဒုတိယ သွင်းဂိုးဟာ မဲဝုဒ် မှာကတည်းက ကြိုတင် အကွက်ချ စီစဉ် ထားခဲ့တဲ့ အရာ ဖြစ်တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။ အီဂျစ်စတားဟာ ပွဲချိန် ၇၆ မိနစ်မှာ အန်ဒီရောဘတ်ဆန် ရဲ့ ထောင့်ကန်ဘော ကနေ တဆင့် အနီးတိုင်ဘက်ကို ပြေးကာ ခေါင်းတိုင် သွင်းယူ ခဲ့တာ ဖြစ်ပြီး လီဗာပူးကို Amex ကွင်းမှာ ၃-၁ နဲ့ ဦးဆောင် စေခဲ့ပါတယ်။

ပွဲပြီး အင်တာဗျူးမှာတော့ ဆာလားက ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ လေ့ကျင့်ရေးကွင်းမှာ ဒီလို လေ့ကျင့်မှုမျိုး လုပ်ထား ခဲ့တယ်လို့ ရှင်းပြ သွားခဲ့ပါတယ်။

myan789

ဆာလားက “ကျွန်တော်တို့ မနေ့ကကော လွန်ခဲ့တဲ့ ၂ ရက်ကပါ ဒီလို လေ့ကျင့်မှုမျိုး လုပ်ဆောင် ခဲ့ကြ ပါတယ်။ နောက်ဆုံးမှာတော့ ရော်ဘိုဟာ ကျွန်တော့် အတွက် ဂိုးဖန်တီးမှု လုပ်နိုင် ခဲ့ပါပြီ။ ဒ့ါကြောင့် ကျွန်တော် ဒီအတွက် အရမ်း ပျော်ရွှင်မိ ပါတယ်။” လို့ Sky Sports ကို ပြောပြ သွားခဲ့ပါတယ်။

ဆာလားဟာ ပွဲချိန် ၆ မိနစ်မှာ ကီတာရဲ့ ဖန်တီးမှု ကနေ လီဗာပူးကို ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး နောက်ထပ် ၂ မိနစ် အကြာ သွင်းဂိုး အတွက်လည်း ဂျော်ဒန်ဟန်ဒါဆန်ကို ဂိုးဖန်တီးမှု လုပ်ပေး နိုင်ခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ပွဲချိန် ၈ မိနစ် မှာတင် ၂ ဂိုး အသာနဲ့ ဦးဆောင် ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၅ မိနစ်မှာ လမ်ပတေးရဲ့ ဖန်တီးမှု ကနေ ထရိုဆက်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပွဲဟာ ပြန်လည် အသက်ဝင်လာ ခဲ့ပါတယ်။

သို့ပေမယ့်လည်း ဆာလားဟာ ၇၆ မိနစ်မှာ ခေါင်းတိုက်ဂိုး သွင်းယူ ပေးခဲ့ပြီး လီဗာပူးဟာ ဒီရာသီ အကြိမ် ၃၀ မြောက် နိုင်ပွဲကို ရရှိ သွားခဲ့ပါတယ်။

ဆာလားက “ပရိတ်သတ်တွေ အတွက် တကယ် ကြည့်ကောင်းခဲ့တဲ့ ပွဲလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ကစားကွက်ကို နောက်တန်း ကနေ စတင်ကာ ကောင်းကောင်း ကစား သွားခဲ့ပါတယ်။ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အစောပိုင်းမှာ သွင်းဂိုး ၂ ဂိုး ရရှိ ခဲ့တာဟာ ကံကောင်းပါတယ်။ ဒါဟာ ပွဲကို အနည်းငယ် လွယ်ကူ သွားစေပြီး အစကတည်းက ယုံကြည်မှု ရှိသွား ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ်။

၂-၁ ဖြစ်သွား ခဲ့ပြီးနောက် သူတို့ ယုံကြည်မှု ပိုရ သွားခဲ့ပြီး ပိုကောင်းအောင် ကစားဖို့ ကြိုးစား လာခဲ့ပါတယ်။ သူတို့ တကယ် ကောင်းပါတယ်။ ချေပဂိုး ရဖို့လည်း အတော်လေး နီးစပ် ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် အသင်းရဲ့ တတိယမြောက် ဂိုးကို သွင်းယူလိုက်တဲ့ အခါ ပွဲဟာ ပြီးသလောက် ဖြစ်သွား ခဲ့တာကြောင့် ကျွန်တော်တို့ ယုံကြည်မှု ပိုရလာခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ် နိုင်ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

ဆာလားရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ မာနေး ၊ ဆာလား ၊ ဖာမီနိုတို့ ၃ ဦးပေါင်း လီဗာပူး အတွက် ဂိုး ၂၅၀ သွင်းယူ ခဲ့တဲ့ အပေါ် ယာဂန်ကလော့က “ဆာလားဟာ တိုက်စစ်မှုးပါ။ ဂိုးသွင်းယူခြင်းဟာ သူ့အတွက် လှုံဆော်မှု ဖြစ်နေမှာပါ။ ဒါက ရှင်းပါတယ်။ နောက်ဆုံး ၂ ရာသီမှာ သူဟာ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူဟာ ဆာဒီယို အူဘာမီယန်း တို့နဲ့ ပူးတွဲ ရခဲ့ပါတယ်။ ဒါဟာ အမြဲတမ်း အရေးပါပါတယ်။ ဆာဒီယို အတွက်လည်း အရေးပါပါတယ်။ ဘာပဲဖြစ်ဖြစ် စွမ်းဆောင်ရည် ကောင်းမွန်မှသာ ဂိုးတွေ သွင်းယူ နိုင်မှာ ဖြစ်ပါတယ်။ သူ ဒီည ဒါကို လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် တကယ် ကောင်းပါတယ်။

ဂိုးတွေ ရဖို့ အတွက်ပဲ တအား အာရုံစိုက် နေရင်..သူတို့ ဒီလို မလုပ်ပါဘူး..အခြေအနေမှန်ကို သုံးသပ် နိုင်စွမ်း လျော့ကျ တက်ပါတယ်။ ကျွန်တော်တို့ ဒီည သွင်းယူ ခဲ့တဲ့ ဂိုးတွေ အားလုံး ကောင်းပါတယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းယူဖို့ အတွက် ရွေ့လျားမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။

ဒါက နှစ်သက်စရာပါ။ ကျွန်တော်တို့ ဒီထက်တောင် ဂိုးတွေ ရခဲ့သင့်ပါတယ်။ ဒါဟာ အမှန်ပါပဲ။ သွင်းဂိုး ၂၅၀ ကတော့ တကယ့်ကို စပယ်ရှယ် ပါပဲ။ အကယ်၍ ဒီကောင်လေးတွေသာ ကျွန်တော့်အတွက် မကစားခဲ့ဘူး ဆိုရင် ကျွန်တော် ဘယ်နေရာ ရောက်နေမလဲ ဆိုတာ မှန်းကြည့်လိုက်ပေါ့ဗျာ။ WOW! သွင်းဂိုး ၂၅၀ မပါတဲ့ အခြေအနေပေါ့..” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular