spot_img

ဘရိုက်တန်ကို ရှုံးရတာ စိတ်ဓါတ်ကြောင့်ပါလို့ ဖွင့်ဟလာတဲ့ ယာဂင် ကလော့

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂင် ကလော့ က ယမန်နေ့ က ဘရိုက်တန် ကို ရှုံးနိမ့် ခဲ့ရမှုဟာ အသင်းသား တွေ အကြား စိတ်ပိုင်း ဆိုင်ရာ ပင်ပန်း နွမ်းနယ်မှုတွေ ရှိနေ ခဲ့တာကြောင့် လို့ပြောဆို သွားခဲ့ ပါတယ် ။ လီဗာပူး ဟာ ဘရိုက်တန် ကို အိမ်ကွင်း အန်ဖီးလ် မှာ လက်ခံ ကစား ခဲ့ပြီး ၁ – ၀ နဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။ ဒီရှုံးနိမ့်မှု ဟာ လီဗာပူး ကို အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့် စေခဲ့ တာပါ ။

ဒီရှုံးပွဲ ကြောင့် လီဗာပူး ဟာ လက်စတာ စီးတီး ရဲ့ ကျော်တက်မှု ကို ခံခဲ့ရပြီး အဆင့် ၄ နေရာကို ဆင်းပေး ခဲ့ရ သလို ထိပ်ဆုံးက မန်စီးတီး နဲ့လည်း ၇ မှတ်အထိ ကွာဟ သွားခဲ့ ရပါတယ် ။ လာမယ့် တနင်္ဂနွေ နေ့မှာတော့ လီဗာပူး ဟာ မန်စီးတီး နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ချန်ပီယံ ပြိုင်ပွဲထဲမှာ ဆက်ရှိနေဖို့ အတွက် အနိုင် ရအောင် ကစား ရတော့မှာ ဖြစ်ပါတယ် ။

myan789

“ကျွန်တော်တို့ အရမ်း ကောင်းတဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင် ခဲ့ရတာပါ ။ ဒါက သေချာပါတယ်” လို့ လီဗာပူး နည်းပြကြီး ကလော့ က ပွဲအပြီးမှာ BT Sport ကို ပြောပြ သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ တွေရဲ့ စိတ်ဓါတ်တွေ က မလတ်ဆတ် ကြပါဘူး ၊ ဘရိုက်တန် က အနိုင် နဲ့ ထိုက်တန် ပါတယ် ။ အခုထက် ပိုကောင်းအောင် ကစားဖို့ မျှော်လင့် ခဲ့တာပါ ၊ ဒါပေမယ့် ဘောလုံးတွေ အများကြီး ဆုံးရှုံး ခဲ့ ပါတယ် ။ ဘောလုံးကို ပေးနိုင် ပေမယ့် လိုရာကို မရောက်ခဲ့ ကြပါဘူး”

“ကျွန်တော်တို့ ခက်ခဲတဲ့ ရက်သတ္တပတ် ကို ဖြတ်သန်း ခဲ့ရတာပါ ။ ဘရိုက်တန် ကစားသွားတာလည်း တကယ် ကောင်းပါတယ် ။ ဒီညမှာ ကျွန်တော်တို့ လန်းဆန်း မနေခဲ့ပါဘူး ၊ ဒီအတွက် အဖြေရှာ ရမှာပါ ။ ကစား သမားတိုင်း ဒီည ကစားသွားတာထက် ပိုကောင်းအောင် ကစားနိုင်ကြ ပါတယ် ၊ ကျွန်တော် အသိဆုံးပါ”

“ဒီရှုံးပွဲ က ခြေစွမ်းကြောင့် မဟုတ်ပါဘူး ၊ စိတ်ပိုင်း ဆိုင်ရာကြောင့်ပါ ၊ စိတ်ပိုင်း ဆိုင်ရာ ပင်ပန်းမှုတွေ က ကိုယ်ထဲထိ ရောက်လာတဲ့ အခါ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဘရိုက်တန် ကိုတော့ ထိုက်ထိုက် တန်တန် အနိုင် ကစား သွားတဲ့ အတွက် ချီးကျုး လိုပါတယ်”

“အခု ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာက ဖြစ်ပြီး ခဲ့တာတွေ ကို ပြန်လေ့လာပြီး သင်ခန်းစာ ယူဖို့ ပါ ။ ဘယ်လို အခြေအနေ မှာပဲ ဖြစ်ဖြစ် ကစား သမားတွေ ကပဲ အမြဲ အဖြေထုတ်ပေး မှာပါ ။ လာမယ့် ပွဲကလည်း ကျွန်တော်တို့ ကို ခက်ခဲမှုတွေ နဲ့ စောင့်ကြိုနေပါတယ် ။ စီးတီး က အရမ်း ပုံစံကောင်းနေတာပါ ။ ဒီအတွက် ကျွန်တော်တို့ တွေးရ ပါတော့မယ်” လို့ ကလော့ က ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ထဲ မှာ ဘန်လေ အသင်းကို ရှုံးနိမ့်ပြီး အိမ်ကွင်း ရှုံးပွဲ မရှိ မှတ်တမ်းကောင်း ကျိုးပျက် သွားခဲ့ ရတာ ဖြစ်ပါတယ် ။ ယမန်နေ့ ညမှာတော့ ဘရိုက်တန် ကို ထပ်ရှုံးပြီး အန်ဖီးလ် မှာ ၂ ပွဲဆက် အရှုံးရလဒ် ကို ပိုင်ဆိုင် သွားခဲ့ ရတာပါ ။ လာမယ့် တနင်္ဂနွေနေ့ မှာတော့ သူတို့ ဟာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာက ပုံစံကောင်းတွေ ပြနေတဲ့ မန်ချက်စတာ စီးတီး နဲ့ ရင်ဆိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular