ဆော်ဒီလိဂ်က ယူရိုသန်း ၃၀၀ နဲ့ကမ်းလှမ်းမယ်လို့ သတင်းတွေထွက်ချိန်နေချိန်မှာ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက တပည့်ဖြစ်သူ ဗင်နီဆီးယက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားကို ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီကလပ်တွေက ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အခုလာမယ့်နွေမှာလည်း နောက်ထပ်ခေါ်ယူဖို့ ကြိုးပမ်းလာမှာဖြစ်ပါတယ်။သတင်းတွေအရ ဆော်ဒီလိဂ်ကလပ်တွေဟာ ရီးရဲလ်စတားကို ယူရိုသန်း ၃၀၀ နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေပြီး တစ်ရာသီကို ပေါင် ၁၆၇ သန်းအထိ လုပ်ခလစာပေးဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အဆိုပါကမ်းလှမ်းမှုဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာဖွယ်ရှိနေပြီး ဗင်နီဆီးယက်စ်အနေနဲ့ ဆော်ဒီမြေကိုရွေးချယ်မယ်ဆိုရင် နားလည်ပေးနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အီတလီသားက ဗင်နီအနေနဲ့ မြင့်မားတဲ့လုပ်ခလစာထက် အောင်မြင်မှုတွေကိုသာ ပိုရွေးချယ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ပြီးခဲ့တဲ့နွေတုန်းက တိုနီတစ်ယောက် အနားယူသွားတာကိုလည်း နားလည်နိုင်ပါတယ်။ လူတော်တော်များများက နားမလည်ပေမယ့် ကျွန်တော် နားလည်နိုင်ပါတယ်။ကျွန်တော် အရာအားလုံးကို နားလည်ပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဗင်နီအနေနဲ့ ငွေကြေးထက် ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်မှုတွေဆက်လက်ရယူနိုင်ဖို့ကိုပဲ တွေးလိမ့်မယ်လို့ ထင်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။