နောက်(၁၀)ရက်လောက်ဆို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးပြီ။ ပြိုင်ပွဲတစ်ခုကျင်းပနိုင်ဖို့ နှစ်တွေနဲ့ချီပြီး ပြင်ဆင်ရပေမဲ့ လက်တွေ့ကျင်းပတဲ့အခါမှာတော့ အချိန်တွေက မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားတတ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း(၃၂)သင်းနဲ့အတူ နိုဝင်ဘာ(၂၀)မှာ စတင်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက အခု နောက်ဆုံး(၈)သင်းသာ ကျန်ရှိတော့တဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့ပါပြီ။