spot_img

ဘရန်းဖို့ဒ်နဲ့ ပွဲက မှော်ဝင်လက်စွမ်းရဲ့ နောက်ကွယ်က သော့ချက်တွေ အကြောင်း ဖွင့်ဟခဲ့တဲ့ မန်ဒီ

ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ တမြန်နေ့ည က ကစားခဲ့တဲ့ တန်းတက် ဘရန်းဖို့ဒ် အသင်းနဲ့ အနောက် လန်ဒန်ဒါဘီပွဲမှာ ဒုတိယပိုင်းရဲ့ လက်ကျန် မိနစ် ၂၀ အတွင်းက အပိုင် ခြိမ်းခြောက်မှု ၄ကြိမ်လောက်ကို မှော်ဝင် လက်စွမ်းပြကာ ကာကွယ် တားဆီးသွားခဲ့ပါတယ် ။

တပွဲလုံးမှာ ချဲလ်ဆီး အသင်း ဟာ ဂိုးပေါက် တကြိမ်သာ တည့်မတ်ခဲ့ပေမယ့် ၊ ယင်းတကြိမ်ကို အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် က လှပတဲ့ volley ကန်ချက်နဲ့ တလုံးတည်းသော အနိုင်ဂိုး အဖြစ် ပြောင်းလဲစေခဲ့ပါတယ် ။

myan789

သို့ပေမယ့် ဘရန်းဖို့ဒ်ရဲ့ တရပ်စပ် ဖိအားပေးမှုတွေကို အကြောက်အလန့်မရှိ တားဆီးပြခဲ့တဲ့ မန်ဒီရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းမပါပဲနဲ့တော့ ချဲလ်ဆီးတို့ ထိုပွဲကနေ သရေ တမှတ်ပင် စွမ်းဆောင်နိုင်ဖို့ မလွယ်ကူခဲ့ပါဘူး ။ ဒီအတွက်ကြောင့် မန်ဒီ ဟာ ထိုပွဲရဲ့ Man of the Match ဆုနဲ့ ခြွင်းချက်မရှိ ထိုက်တန်ပါတယ် ။

တဖက်မှာ မန်ဒီ ဟာ ထိုပွဲအပြီး ချဲလ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် Clean Sheet အကြိမ် ၂၀မြောက် ရရှိခဲ့ပြီး ၊ ပီတာချက် ၊ ပီပီ ရေနာ ၊ အီဒါဆင်တို့ ပြီးနောက် ယင်း အရေအတွက် ကို ပွဲအနည်းဆုံးနဲ့ ရရှိခဲ့တဲ့ စတုတ္ထမြောက် ဂိုးသမား ဖြစ်လာပါတယ် ။

ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ယင်း အသက် ၂၉နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဂိုးသမား က ဘရန်းဖို့ဒ်ရဲ့ ခြိမ်းခြောက်မှုတွေကို အမှားအယွင်းမရှိ လက်စွမ်းပြ ကာကွယ်နိုင်ခြင်းရဲ့ သော့ချက်တွေ အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

မန်ဒီ က ” ဒီပွဲမှာ ကျွန်တော် စွမ်းဆောင်ရည် အထူး ကောင်းခဲ့လို့ ပျော်ရွှင်ခဲ့ရပါတယ် ။ ဒါဟာ ပြင်းပြင်းထန်ထန် ကြိုးစားခြင်း အပေါ်မှာ မူတည်ပါတယ် ။ ဒီတပတ်လုံး ကျွန်တော် ဟာ အသင်းဖော်တွေနဲ့ နည်းပြရဲ့ အကူအညီတွေနဲ့ ဒီပွဲ အတွက် သေသေချာချာ ပြင်ဆင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ဒီနေ့မှာ ဒီလို လက်စွမ်းမျိုး ပြသနိုင်ခဲ့တာပါ ။ ”

” ကျွန်တော်တို့ဟာ ကစားရ အရမ်း ခက်ခဲတဲ့ အသင်း တသင်းနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားခဲ့ပါတယ် ။ ဘရန်းဖို့ဒ် ဟာ ဒီနှစ် ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကို ပထမဆုံး အကြိမ် တန်းတက်လာပြီးတဲ့နောက် ၊ သူတို့ ဘယ်လို အသင်းမျိုးလဲ ဆိုတာ အရှေ့ပွဲတွေမှာ ၊ အထူးသဖြင့် အာဆင်နယ် ၊ လီဗာပူးတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ သက်သေပြခဲ့ပြီးသားပါ ။ ”

” ဒီတော့ ဒီနေ့ ရလဒ် ဟာ ကျွန်တော်တို့ အတွက် ရလဒ်ကောင်း တရပ် ဖြစ်စေပါတယ် ။ ဒီပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ခြင်းနဲ့ ကြီးကျယ်တဲ့ ပရိသတ် အားပေးမှုတွေ ရောနှက်နေခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ လက်ကျန် ပွဲချိန်တွေမှာ အတူတကွ ခုခံခဲ့ကြပါတယ် ။ ဒါဟာ အပေါင်း လက္ခဏာ ဆောင်ပြီး ၊ လာမယ့် ချန်ပီယံလိဂ်ပွဲ အတွက် အရှိန်ကောင်း တရပ်ကို တည်ဆောက်နိုင်လိုက်ခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ထို အနိုင် ရလဒ်ကြောင့် အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ကာ ၊ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ဆက်လက် ခြိမ်းခြောက်ထားနိုင်ဆဲ ဖြစ်ပါတယ် ။ မန်ဒီ ကတော့ ချန်ပီယံ ဖြစ်ဖို့ဆိုရင် ဘရန်းဖို့ဒ်နဲ့ ပွဲကလို ခက်ခဲနေရင်တောင် အနိုင်ရလဒ် ကို နည်းလမ်း တခုခုနဲ့ ရှာဖွေရမှာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

မန်ဒီ က ” ကျွန်တော်တို့ဟာ ကပ်ပြီး အနိုင်ရခဲ့တဲ့ ပွဲတွေမှာ တကယ့် ခံယူချက်ကောင်းကို ပြသနိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှု ရှုထောင့်အရ စိန်ခေါ်မှု များစွာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ကျွန်တော်တို့ဟာ အကြိမ်တိုင်းမှာ ဒီ စိန်ခေါ်မှုတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပါတယ် ။ ”

” ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ချင်တဲ့ အသင်း တသင်း ဟာ တခါတလေမှာ နိုင်ပွဲ ရှာတွေ့ဖို့ ခက်ခဲနေရင်တောင် ၊ တနည်းနည်းနဲ့ အနိုင်ရလဒ် ကို မဖြစ်မနေ ရှာဖွေတတ်ရပါမယ် ။ ဒါကို ကျွန်တော်တို့ စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular