spot_img

ဘယ်လ်ဂျီယံအသင်းနှင့် ဒီဘရိုင်းနား ပူးပေါင်းခဲ့သော်လည်း ယူရိုအဖွင့်ပွဲအတွက် မသေချာသေး

ဘယ်လ်ဂျီယံအသင်း၏ ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် တနင်္လာနေ့က အသင်းနှင့်ပူးပေါင်းခဲ့သော်လည်း ယူရိုအဖွင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။

ဒီဘရိုင်းနားသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရရှိခဲ့သောဒဏ်ရာကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် လွဲချော်ရနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေ ရှိခဲ့သော်လည်း အသေးစားခွဲစိတ်ကုသမှုသာ ပြုလုပ်ခဲ့ရပြီး ဘယ်လ်ဂျီယံအသင်းနှင့် ပူးပေါင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

myan789

ဒီဘရိုင်းနားသည် တနင်္လာနေ့တွင် ဘယ်လ်ဂျီယံအသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ လက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ”ဒီဘရိုင်းနား အသင်းနဲ့ ပူးပေါင်းခဲ့ပါပြီ။ ဒါဟာ စိတ်လှုပ်ရှားစရာသတင်းပါပဲ။ သူ့ကို လန်းလန်းဆန်းဆန်းနဲ့ မြင်တွေ့ခဲ့ရပြီး စားသောက်ခန်းထဲ သူ လမ်းလျှောက်ဝင်လာတာက ဒီနေ့အတွက် အထူးခြားဆုံးအကြောင်းအရာပါပဲ” ဟု ပြောကြားခဲ့သည်။

သို့သော် မာတီနက်ဇ်က ဒီဘရိုင်းနားအနေဖြင့် အုပ်စုအဖွင့်ပွဲတွင် ပါဝင်နိုင်ရန်မှာမူ မသေချာသေးကြောင်းလည်း ပြောကြားခဲ့သည်။

”ဆေးအဖွဲ့က သူ့ ရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး ဘယ်အချိန် မီးစိမ်းပြမလဲဆိုတာ မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ အုပ်စုအဖွင့်ပွဲအတွက် သူ့ကို ထည့်တွက်မထားပါဘူး။ ဒီအချိန်မှာ ဆုံးဖြတ်ဖို့လည်း စောနေပါသေးတယ်”ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ရုရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး သောကြာနေ့တွင် စိန့်ပီတာစဘတ်မြို့သို့ ခရီးထွက်မည်ဖြစ်ကြောင်း သိရသည်။

ဘယ်လ်ဂျီယံအသင်းသည် အုပ်စုအဆင့်၌ ရုရှား၊ ဒိန်းမတ်၊ ဖင်လန်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယခုပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများထဲတွင် ပါဝင်နေသည်။

သို့သော် အဓိကကစားသမား ဒီဘရိုင်းနား၏ ကြံ့ခိုင်မှုမှာ အသင်းအတွက် သက်ရောက်မှုများစွာ ရှိလာနိုင်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular