spot_img

ဘယ်လင်ဟမ်ဂိုးတွေပြန်သွင်းနိုင်ဖို့ ဘယ်လိုပြောင်းလဲပုံသွင်းခဲ့သလဲ ရှင်းပြလာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ယခုရာသီအစ အသင်းရဲ့ပွဲစဉ် ၁၂ ပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ကို နောက်ပိုင်းမှာ ဂိုးတွေပြန်လည်သွင်းယူနိုင်ဖို့ ဘယ်လိုပြောင်းလဲပုံသွင်းခဲ့သလဲ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂိုးအမြောက်အမြားသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ဒီရာသီအစမှာ ဂိုးရဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ယခုအခါမှာတော့ လာလီဂါနောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးသွင်းယူလာနိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်မှ ရီးရဲလ်မက်ဒရစ်သို့ ၂၀၂၃ ခုနှစ်နွေရာသီမှာ ရောက်ရှိလာခဲ့ပြီး သူရောက်ရှိလာချိန်မှာ ကာရင်ဘန်ဇီမာကလည်း ဆန်တီယာဂိုဘာနေဗျူးကနေထွက်ခွာသွားခဲ့ပါတယ်။

myan789

ဒါကြောင့် ဘယ်လင်ဟမ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသွင်းဖို့တာဝန်ကိုယူခဲ့ရပြီး ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၃ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

Real Madrid boss Carlos Ancelotti has explained how he transformed midfielder Jude Bellingham

ယခုရာသီမှာတော့ အသင်းသို့ ပြင်သစ်စူပါစတား ခီလီယန်အမ်ဘာပေရောက်ရှိလာခြင်းနဲ့အတူ ဘယ်လင်ဟမ်အနေနဲ့လည်း ဂိုးသွင်းဖို့တာဝန်လျော့ပါးသွားခဲ့ပေမယ့် ပြင်သစ်သားက ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရတာကြောင့် အန်ဆယ်လော့တီအနေနဲ့ ဘယ်လင်ဟမ်ကို ဂိုးတွေပြန်လည်သွင်းယူနိုင်စေဖို့ ပြောင်းလဲပုံသွင်းခဲ့ရပုံပေါ်ပါတယ်။

အန်ဆယ်လော့တီက “သူ့ရဲ့ကစားပုံကို ကြီးကြီးမားမားပြောင်းလဲလိုက်တာမျိုးတော့မရှိပါဘူး။ ကျွန်တော်တို့ပြောင်းလဲလိုက်တာ အသင်းရဲ့ အဓိက ကစားပုံကိုပါပဲ။ အခုချိန်မှာအသင်းက အလှုပ်အရွနဲ့ကစားပြီး အထိုင်ချကစားတာမျိုးမဟုတ်လို့ သူ့အနေနဲ့ အဲဒီကစားပုံကနေ အကျိုးအမြတ်ရှာနိုင်ခဲ့ပုံပေါ်ပါတယ်။သူဂိုးတွေသွင်းလာနိုင်ပါတယ်။ ဒါကကျွန်တော်တို့အတွက်လည်း အရေးပါတဲ့အချက်ပါပဲ။ ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်ပိုင်းကတော့ ပုံမှန်အတိုင်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ဂျီရိုနာနဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရကြောင့် ပရိသတ်တွေအနေနဲ့ ဒဏ်ရာရသွားတယ်လို့ ယူဆနေကြပြီး စိုးရိမ်ပူပန်နေကြသော်လည်း ယခုအခါမှာတော့ သတင်းတွေအရ ကစားသမားဟာ အခြေအနေကောင်းမွန်တယ်လို့သိရပြီး အတ္တလန္တာနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက် ပါဝင်ကစားသွားနိုင်မှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular