spot_img

ဘန်လေနဲ့ ပွဲမှာ အဓိက ကစားသမား သုံးဦးအထိ ပါဝင်နိုင်ခြေ မရှိကြောင်း ပြောလိုက်တဲ့ ဆိုးလ်ရှား ၊ ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမား စာရင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ ပရီးမီးယားလိဂ် ရဲ့ ပွဲကျန် ပွဲစဉ် တစ်ပွဲ အဖြစ် ဘန်လေ အသင်း ကို တာ့ဖ် မူးရ် ကွင်းထဲမှာ သွားရောက် ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ ဒီပွဲ ကိုသာ အနိုင်ယူ နိုင်ပါက ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရမှာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ၊ ဘယ် နောက်ခံလူ လုခ်ရှော နဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ နယ်လ်ဆွန် ဗစ်တာ လင်ဒီလော့ဖ် တို့ဟာ ပါဝင် နိုင်မှာ မဟုတ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

myan789

ဒါပေမယ့် လီဗာပူး အသင်း နဲ့ ရင်ဆိုင် ရမယ့် အရေးကြီး ပွဲစဉ် မှာတော့ အဆိုပါ ကစားသမား သုံးဦးဟာ အသင်း အတွက် ပြန်လည် ပါဝင် နိုင်ကြ လိမ့်မယ် လို့ မျှော်လင့် နေကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက ယူနိုက်တက် တို့ FA ဖလား ပြိုင်ပွဲ ရဲ့ Round 3 ပွဲစဉ် အဖြစ် ဝက်ဖို့ဒ် အသင်း နဲ့ ရင်ဆိုင်ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့တဲ့ ပွဲစဉ် တုန်းက အဆိုပါ ကစား သမား သုံးဦးလုံးဟာ အသင်း ရဲ့ ကစားသမား စာရင်းထဲ မပါဝင် နိုင်ခဲ့ကြ ပါဘူး ။

ယူနိုက်တက် အသင်း နောက်ခံလူ လင်ဒီလော့ဖ်ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း နောက်ကျော ဒဏ်ရာ ရရှိ နေခဲ့တဲ့ အတွက် ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးတာပဲ ဖြစ်ပါတယ် ။ ဘယ် နောက်ခံလူ လုခ်ရှော ကတော့ ဒီနှစ်အတွင်း ကြွက်သား ဒဏ်ရာ ကြုံတွေ့ နေခဲ့တဲ့ အတွက် ပွဲထွက် ကစားခွင့် နည်းပါးခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဘောလုံး ရာသီ မတိုင်ခင် တုန်းက ကိုဗစ် ရောဂါပိုး ကူးစက် ခဲ့တဲ့ အတွက် ခြေစွမ်း ပြနိုင်ခြင်း မရှိခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ က နိုဝင်ဘာလ မှာတော့ ခြေချင်းဝတ် ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့တဲ့ အတွက် ပွဲစဉ် သုံးပွဲ အထိ ကစားခွင့် လွဲချော် ထားခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှား က သူတို့ သုံးဦးကို ဘန်လေ အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ်မှာ ကစား စေဖို့ အတွက် စွန့်စားမှု မလုပ်ဆောင် လိုကြောင်း ပြောကြား သွားခဲ့လိုက်တာ ဖြစ်ပြီး လီဗာပူး နဲ့ ပွဲစဉ် မှာတော့ တစ်ဖန် ပြန်လည် ပါဝင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် ကတော့ အဲ့ဒီလိုပဲ မျှော်လင့် နေပါတယ် ။ သူတို့ သုံးယောက် လီဗာပူး အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ သေချာပေါက် ပြန်လည် ပါဝင်ကြဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ ဒါပေမယ့် ဘန်လေ နဲ့ ပွဲမှာ သူတို့ သေချာပေါက် ပါနိုင် မလား ဆိုတာတော့ ကျွန်တော် မပြော နိုင်သေး ပါဘူး ”

” မနက်ဖြန်တော့ သူတို့ တွေဟာ အသေးစား လေ့ကျင့်ရေး တွေကို ကိုယ်စီ လုပ်ဆောင် ကြပါ လိမ့်မယ် ။ သူတို့ တွေရဲ့ အနေအထား ဘယ်လို ရှိမလဲ ဆိုတာကို ကျွန်တော်တို့တွေ စောင့်ကြည့် ကြရတာပေါ့ဗျာ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက်တို့ ဝက်ဖို့ဒ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက အသေးစား ဒဏ်ရာ ပြသနာ ရရှိ သွားခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီ ကတော့ အနေအထား ကောင်းမွန် နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် ဘန်လေနဲ့ ပွဲစဉ် မှာတော့ သူဟာ အရံလူ တစ်ဦး အဖြစ်သာ ပါဝင်နိုင်မယ်လို့ ထင်ကြေးပေးခံနေရ ပါတယ် ။

ဘန်လေနဲ့ ပွဲအတွက် ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမား စာရင်း :

ဒီဂီယာ ။ ဝမ် ဘစ်ဆာကာ ။ တွမ်ဇီဘီ ။ မက်ဂွားယား ။ တဲလက်စ် ။ မက် တော်မီနေး ။ ဖရက်ဒ် ။ ဖာနန်ဒက်စ် ။ မာရှယ် ။ ရပ်ရှ်ဖို့ ။ ကာဗာနီ ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular