ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း မှာ ကစားသမား ဘဝ ၈နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ပီအက်စ်ဂျီ အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း သို့ ပြောင်းရွှေ့ အခြေချခဲ့ပါတယ် ။
သီယာဂို ဆေးလ်ဗား ဟာ ချဲလ်ဆီး သို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ၊ ကွာရန်တင်း ဝင်နေခဲ့ရတာကြောင့် ချဲလ်ဆီး အသင်း နဲ့ ပထမဆုံး လေကျင့်မှု ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာမှ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ကံကောင်းစွာနဲ့ ဒဏ်ရာ ပြဿနာ ပြဿနာ မရှိနေပဲ ၊ ကြံ့ခိုင်မှု ပြည့်နေတဲ့ အတွက် သီယာဂို ဆေးလ်ဗား ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် ဖြစ်တဲ့ ဘန်စလေ နဲ့ ပွဲမှာ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ကို စတင် ရရှိခဲ့ပြီး ၊ မိနစ် ၆၀ ဝန်းကျင် ကစားပေးခဲ့ပါတယ် ။
အင်္ဂလန် ချန်ပီယံရှစ် ကလပ် အသင်း နဲ့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲဖြစ်လို့ ၊ သီယာဂို ဆေးလ်ဗား ရဲ့ ခြေစွမ်း ကို ယတိပြတ် အဖြေထုတ်ပေးနိုင်မှာ မဟုတ်သေးပေမယ့် ၊ ၎င်းဆီမှာ ချဲလ်ဆီး အသင်း လိုအပ်နေတဲ့ အရည်အသွေးကောင်း တချို့ ဖြစ်တဲ့ အမိန့်ပေးနိုင်မှု ၊ ဘောလုံး ဖြန့်ဝေပုံ ကောင်းမွန်မှု ၊ ဆုံးဖြတ်ချက် ပြတ်သားစွာ ဖျက်ထုတ်နိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတာကိုတော့ လက်ခံထားရပါမယ် ။
ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း မနေ့ည က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သီယာဂို ဆေးလ်ဗား ရဲ့ ဗွေဆော်ဦး ပွဲထွက်ခွင့် မှ ခြေစွမ်း အပေါ် ” သူဟာ ကျွန်တော်တို့ အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမား တယောက်ပါ ။ ဘာလို့လဲ ဆိုတော့ သူဟာ ချဲလ်ဆီး အသင်း မှာ လေ့ကျင့်မှုတွေ စတင်တာ ရက်သတ္တပတ် တပတ်သာသာ ပဲ ရှိသေးလို့ပါ ။ ”
” မနေ့ည က ပွဲမှာ သူ့အဖို့ ပြီးပြည့်စုံတဲ့ မိနစ် ၆၀ ဝန်းကျင် ကို ရရှိခဲ့ပါတယ် ။ ရှေ့ဆက်ပြီးလည်း သီယာဂို ဟာ သူ့မှာ ရှိတဲ့ အရည်အသွေး အားလုံး ကို ထုတ်ပြသွားဦးမှာပါ ။ ဟုတ်ပါတယ် ။ သူဟာ အခုထက် ပိုပြီး ကြံ့ခိုင်မှု ပြည့်လာဖို့ ရှိသလို ၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေလည်း ထပ်မံ ပြသဦးမှာပါ ။ ”
” ဒီနေ့ပွဲမှာ သူဟာ အဝတ်လဲခန်းထဲမှာ ညွှန်ကြားမှု တစုံတခု ပေးနိုင်ခဲ့သလို ၊ ကွင်းအတွင်း မှာလည်း သူ့ရဲ့ ဦးဆောင်နိုင်မှု က အရေးပါခဲ့ပါတယ် ။ လောလောဆယ်တော့ သူဟာ အင်္ဂလိပ် လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သေးတာမျိုး မရှိသေးပါဘူး ။ ”
” ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူး ။ ဘာလို့လဲဆိုတော့ သူဟာ တတ်နိုင်တဲ့ဖက်ကနေ ကျွန်တော့ ကို အားရကျေနပ်စေမယ့် ဦးဆောင်မှုမျိုး ပေးနိုင်သလို ၊ အသင်း အပေါ်လည်း ကြီးကြီးမားမား လွှမ်းမိုးထားနိုင်လို့ပါ ။ ဟုတ်ပါတယ် ။ သီယာဂို နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း အရမ်း ကျေနပ် အားရမိပါတယ် ။ ”
” ဒါဟာ သူ့လို အဆင့်အတန်းမျိုးနဲ့ ကစားသမား တယောက် ဆီကနေ ကျွန်တော် မျှော်လင့်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ် ။ သူ့လို အတွေ့အကြုံရင့် သမ္ဘာရင့် ကစားသမား တယောက် ကို ပိုင်ဆိုင်ရတာ အသင်း အတွက် အသွင်ဆန်းစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ လီဗာပူး နဲ့ ပွဲမှာ ပထမ ဦးစားပေး ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် တိုက်ရိုက် အနီထိခဲ့တဲ့ အတွက် ၊ လာမယ့် စနေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်း အသင်း နဲ့ ပွဲမှာ သီယာဂို ဆေးလ်ဗား – ဇူးမား ၊ သီယာဂို ဆေးလ်ဗား – တိုမိုရီ … ဒီ ၂တွဲထဲက တတွဲကို လမ်းပတ် တယောက် ပွဲထုတ်ပေးဖို့ များနေပါတယ် ။