မန်ယူနည်းပြ ဆိုးလ်ရှားက လာလီဂါအဖွဲ့ချုပ်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် ဗီလာရီးယဲလ်အသင်း နားရက်ပိုရအောင် လုပ်ဆောင်ပေးခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
လာလီဂါအဖွဲ့ချုပ်သည် လာလီဂါနောက်ဆုံးပွဲစဉ် အများစုကို စနေနေ့တွင် ယှဉ်ပြိုင်စေခဲ့ခြင်းကြောင့် ဗီလာရီးယဲလ်အသင်းက မန်ယူအသင်းထက် နားရက်တစ်ရက် ပိုမိုရရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကိုလည်း ဆိုးလ်ရှားက ပြစ်တင်လိုဟန်ရှိခဲ့သည်။
သို့သော် ဝုလ်ဗ်နှင့်ကစားသည့် ပရီးမီးယားလိဂ်နောက်ဆုံံးပွဲတွင် မန်ယူအသင်းသည် အရန်အများစုဖြင့်သာ ယှဉ်ပြိုင်ကစားခဲ့သည်။
ယင်းပွဲ၌ ဂိုးသမားနေရာတွင် ဟန်ဒါဆန်ကို ကစားစေမှုအတွက် ယူရိုလိဂ်ဗိုလ်လုပွဲ၌ ဒီဟေးယားကို ပွဲထွက်ခွင့်ပေးမည်လားဟု မေးမြန်းမှုကို ဆိုးလ်ရှားက ငြင်းဆန်ခဲ့သည်။
” ဒီလိုမဟုတ်ပါဘူး။ ဒင်းန်(ဟန်ဒါဆန်)က ဒီပွဲအတွက် အသင့်ဖြစ်နေလို့ပါ။ ဒါးဗစ်(ဒီဟေးယား)က ဒီမတိုင်မီကို ကစားခဲ့ပါတယ်” ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
မန်ယူအသင်း၏ ယခုရာသီ ယူရိုပါလိဂ်ပွဲစဉ် ၈ ပွဲတွင် ဟန်ဒါဆန်က ၃၂ သင်းအဆင့်နှင့် ၁၆ သင်းအဆင့်၊ ဒီဟေးယားက ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ကစားခဲ့ရသည်။