spot_img

ဗီလာရီးယဲလ်ကိုရှုံးနိမ့်ခဲ့သော်လည်း ချန်ပီယံဆုရယူရန် အခွင့်အရေးရှိသည်ဟု အာတီတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗီလာရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယူရိုပါလိဂ်ချန်ပီယံဆုရယူရန် အခွင့် အရေးရှိသည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြားသည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဗီလာရီးယဲလ်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

myan789

ပထမပိုင်း (၅)မိနစ်နှင့် (၂၉)မိနစ်တွင် ဗီလာရီးယဲလ်အသင်းက ဦးဆောင်ဂိုး(၂)ဂိုး သွင်းယူခဲ့သလို (၅၇)မိနစ်တွင် စီဘယ်ယော့စ် (၂)၀ါ (၁)နီဖြင့် ထုတ်ပယ်ခံရသောကြောင့် အာဆင်နယ်အသင်း တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း (၇၃)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ပေပေက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် အဝေးဂိုးရရှိထားသောကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲတွင် ဂိုးမပေးရဘဲ အနိုင်ရပါက ဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေးရှိနေရာ အာတီတာက ယခုလို ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်မှုရှိပါတယ်။ အဲဒါ သေချာပါတယ်။ ရှုံးပွဲရင်ဆိုင်ဖို့အတွက် ဒီကိုမလာချင်ခဲ့ပါဘူး။ ဒါပေမဲ့ (၂-၀) ဂိုးနဲ့ ရှုံးနိမ့်ပြီး (၁၀) ယောက်ဖြစ်နေချိန်မှာ ကစားပုံ တိုးတက်လာပြီး အကောင်းဆုံးဖြစ်နိုင်တဲ့ ရလဒ် ယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လုံလောက်တဲ့ ခြိမ်းခြောက်မှု၊ ဂိုးဧရိယာထဲမှာ တိုက်စစ်ဆင်မှုတွေမလုပ်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ လုံးဝခြားနားသွားပါတယ်”ဟု အာတီတာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular