ဗီလာနဲ့ ပွဲမှာ ဒီဆာဆီရဲ့ နောက်ကျ အနိုင်ဂိုးကို VAR မှ ပယ်ဖျက်ခဲ့တဲ့ အပေါ် ပိုချက်တီနို ဘာပြောခဲ့လဲ ?

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စ်တွန် ဗီလာ အသင်းကို ဗီလာပါ့ခ်မှာ ဦးဆောင်ဂိုး ၂ဂိုး အရင် ပေးခဲ့ရကာ ၊ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ရခဲ့ပြီး တဖက် ၂ဂိုးစီ သရေ ရလဒ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

တကယ်တမ်း ကွင်းတွင်း ခြေစွမ်းအရဆိုရင် ချဲလ်ဆီးဟာ ထိုပွဲကို အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်မှု ရှိခဲ့ပါတယ် ။ နာကျင်အချိန်ပို ၅မိနစ် အရောက်မှာ ခြင်္သေ့ပြာတို့ဟာ Comeback အနိုင်ရစေမယ့် တတိယသွင်းဂိုးကို ဒရာမာဆန်ဆန် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ VAR က ချဲလ်ဆီး ပရိသတ်တွေရဲ့ အပျော်ကို ရုတ်သိမ်းပစ်ခဲ့ပါတယ် ။

myan789

လူစားဝင် ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီရဲ့ ယင်းနောက်ကျ ခေါက်တိုက်ဂိုး မတိုင်ခင်မှာ ၄င်းရဲ့ အသင်းဖော် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ဟာ ပြိုင်ဖက် နောက်ခံလူ ဒီယေဂို ကားလို့စ်နဲ့ ခေါင်းယှဉ်လုရင်း ၊ နောက်ကနေ မသိမသာ ဆောင့်တွန်းခဲ့မိပါတယ် ။

ကွင်းလယ်ဒိုင် ခရိတ်ပေါဆင်ဟာ ကနဦးမှာ ထိုဂိုးကို ခွင့်ပြုပေးခဲ့ပေမယ့် ၊ VAR မှ ၄င်းကို ကွင်းဘေးက မော်နီတာမှာ ပြန်လည် စစ်ဆေးဖို့ စေခိုင်းခဲ့ကာ ၊ ထိုအချိန်မှာတော့ ပေါဆင်ရဲ့ ဆုံးဖြတ်ချက် ပြန်ပြောင်းသွားကာ ၊ ချဲလ်ဆီးတို့ အဖိုးတန် အနိုင်ဂိုး နစ်နာသွားခဲ့ရပါတယ် ။

ပွဲပြီး TNT Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ VAR မှ ၄င်းတို့ကို ၃မှတ် အပြည့် ထိုက်ထိုက်တန်တန် ရစေမယ့် ထိုသွင်းဂိုးကို ပယ်ဖျက်ပစ်ခဲ့တဲ့ အပေါ် သူ့အမြင်ကို အခုလိုပဲ ထုတ်ဖော်လာပါတယ် ။

ပိုချက်တီနို က ” ဒီပွဲကို ကြည့်တဲ့သူတိုင်း ဒီအပေါ် စိတ်ပျက်ခဲ့ကြမယ်လို့ ထင်ပါတယ် ။ ကျွန်တော်တို့ဟာ လူတွေကို မတူညီတဲ့ အရာ ၂ခု အကြောင်း ရှင်းပြဖို့ လိုပါတယ် ။ ကွင်းလယ်ဒိုင်က ဖြစ်ပျက်နေတဲ့ အချိန် အတွင်း ဒါက ပြစ်ဒဏ်ဘော ဖြစ်လို့ ၊ ဂိုးအဖြစ်မှ ပယ်ဖျက်တယ် ဆိုတာက အရာ တခုပါ ။ ”

” အဲဒီနောက် VAR ဆီ သွားပြီး ဒီဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်တာက ပြဿနာ မရှိပါဘူး ။ ဒါပေမယ့် အခု အခြေအနေမှာ ဒိုင်က ဂိုးကို ခွင့်ပြုခဲ့ရဲ့သားနဲ့ VAR ဆီ သွားဖို့ ညွှန်ကြားခံခဲ့ရပြီး ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေခဲ့ပါတယ် ။ ဒီနေရာမှာ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာတခုမှ မကောင်းပြောမှာ မဟုတ်ပါဘူး ။ ”

” ကွင်းလယ်ဒိုင် ဒါမှမဟုတ် VAR အကြောင်း ကျွန်တော် ဘာမှမပြောချင်ပါဘူး ။ ဒါပေမယ့် ဒါက မယုံနိုင်စရာပါ ။ တကယ် ရူးလောက်စရာကောင်းပါတယ် ။ ဒီလို အရာမျိုးကို လက်ခံရ ခက်ပါတယ် ။ ရှေ့၂ပတ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း လက်ထိဘော ဖြစ်ခဲ့ပေမယ့် ၊ ကျွန်တော်တို့ကို ပင်နယ်တီ မပေးခဲ့ပါဘူး ။ ”

” VAR က ပင်နယ်တီ အဖြစ် ခွင့်မပြုခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကလည်း ပင်နယ်တီ မပေးခဲ့ပါဘူး ။ အဲဒီတော့ သူလည်း ဒါကို ကွင်းဘေးထွက်ပြီး ပြန်မစစ်ဆေးခဲ့ရပါဘူး ။ အခုတော့ အဲလို အခြေအနေမျိုး ထပ်ဖြစ်လာပါပြီ ။ ဟုတ်ပါတယ် ။ ဒါက နာကျင်စရာ ကောင်းပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော့ အတွက် ဒါက အင်္ဂလိပ် ဘောလုံး ပုံရိပ်ကို ထိခိုက်စေလို့ပါ ။ ”

” အက်စ်တွန် ဗီလာ ကစားသမားတွေ ၊ သူတို့ အသင်း ပရိသတ်တွေတောင် ဒီဂိုးကို ဘာကြောင့် ခွင့်မပြုခဲ့လဲ ဆိုတာ နားမလည်နိုင်ခဲ့ကြပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular