မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 2 အဖြစ် ဆောက်သမ်တန် အသင်းနဲ့ အဝေးကွင်းပွဲစဥ် ရင်ဆိုင်ကစားသွားရဖို့ ရှိနေပါတယ် ။ အဆိုပါ ပွဲစဥ်မတိုင်မီ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ သတင်းစာ ရှင်းလင်းပွဲမှ ပြောကြားသွားခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ် ။
ဗာရန်းနဲ့ ဆန်ချိုတို့ ပါဝင်နိုင်မလား?
” ဟုတ်ပါပြီ ၊ တနင်္ဂနွေနေ့မှာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ ။ သူတို့ဟာ အလုပ်တွေ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ အသင်းနဲ့ လေ့ကျင့်ခွင့် မိနစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့အားလုံး အရမ်းကို ကောင်းမွန်တဲ့ ရက်သတ္တပါတ် တစ်ခု ပိုင်ဆိုင်ခဲ့ကြရ ပါတယ် ။ စနေနေ့မှာ လေယာဥ်ပေါ် သူတို့ လိုက်ပါနိုင်ကြမလားဆိုတာ စောင့်ကြည့်ရတာပေါ့ ”
ဗာရာနီကို သဘောကျတဲ့ အချက်
” ခင်ဗျားတို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက ဘောလုံးကို နှစ်ခြိုက်သူ ဖြစ်ခဲ့ကြမယ်ဆိုရင် ကျွန်တော်တို့ သူ့ကို ဘာလို့ ခေါ်ခဲ့လဲဆိုတာ သိနိုင်ပါလိမ့်မယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ နီးစပ်ခဲ့ကြပါသေးတယ် ။ ဆာ အဲလက်စ်ဟာ သူ့ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပြီး သူ့ကို ရဖို့ နီးစပ်ခဲ့ပါသေးတယ် ”
” အဲ့ဒီနောက် ကွင်းထဲက သူ့ရဲ့ ကစားပုံ ၊ အပြုအမူတွေနဲ့ စွမ်းဆောင်ရည်တွေက သူဟာ ယူနိုက်တက် ကစားသမား တစ်ဦးဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ကို ပြောပြနေခဲ့ပါတယ် ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစားချက်ကို ရရှိစေဖို့ အတွက် သူ့ကို စည်းရုံးနိုင်ဖို့ ကျွန်တော််တို့ ကြိုးစားခဲ့ကြ ပါတယ် ”
” သူဟာ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပါ ။ သူက လျင်မြန် ၊ သန်မာပြီး အမြင့်ဘော ကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ ခြေထောက် နှစ်ချောင်းလုံးနဲ့ ကစားပေးနိုင် ပါတယ် ။ သူ့အကြောင်း အတိုချုပ် ပြောရရင် ကျွန်တော်တို့ လိုချင််တာတွေ အားလုံး သူ့ဆီမှာ ရှိနေပါတယ် ”
” သူဟာ ဆာလောင်မှု ရှိသူ ၊ စူးစမ်းလိုစိတ်ရှိသူ တစ်ဦးပါ ။ သူဟာ မေးခွန်းတွေ အမြဲမေးလေ့ရှိသလို အမှားတွေကနေ တစ်ဆင့် လေ့လာသင်ယူမှု လုပ်ဆောင်သူ တစ်ဦးပါပဲ ။ သူက လေ့ကျင့်ရေးကွင်းထဲ လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေသူပါပဲ ။ သူနဲ့ ပတ်သက်တဲ့ အရာရာတိုင်းက အထင်ကြီးဖွယ်ပါပဲ ”
ပေါ့ဂ်ဘာရဲ့ စာချုပ်
” ဒါက ပေါ့ဂ်ဘာရဲ့ တာဝန်ရှိသူတွေနဲ့ ယူနိုက်တက် တို့ရဲ့ တာဝန်ရှိသူတွေအကြား လုပ်ဆောင်ရမယ့် အရာတစ်ခုပါ ။ ကျွန်တော်နဲ့ ပေါလ်ကတော့ နေ့စဥ် အလုပ်တွေ အတူတူ လုပ်ဆောင်နေကြပါတယ် ။ ကျွန်တော်တို့ တိုးတက်ကြဖို့ ၊ အသင်းလိုက် တိုးတက်ကြဖို့ ၊ ပျော်ရွှင်မှုတွေကို ခံစားနိုင််ဖို့ အလုပ်တွေ ကြိုးစားနေကြပါတယ် ”
” ကျွန်တော်တို့ ခွန်အားအပြည့်နဲ့ ကစားနိုင်ဖို့ ၊ အခုထက် ပိုကောင်းနိုင်ဖို့ လိုအပ်လှပါတယ် ။ ပွဲစဥ် တစ်ပွဲက ဒီနွေကို အဆုံးအဖြတ် ပေးသွားမှာတော့ မဟုတ်ပါဘူး ”
ကာဗာနီ အသင်းနဲ့ ပူးပေါင်းပြီ
” အီဒင်ဆန်ဟာ မိမိကိုယ်ကို အမြဲ စောင့်ရှောက်သူ တစ်ဦးပါ ။ သူဟာ အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့တဲ့ အကြောင်းပြချက် ရှိနေခဲ့ပါတယ် ။ ပုဂ္ဂိုလ်ရေး ကိစ္စအချို့ကြောင့် သူဟာ အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျခဲ့တာပါ ။ သူရဲ့ ခန္ဓာကိုယ််က အတော်လေး ခံနိုင်ရည် ရှိနေပါသေးတယ် ”
” သူနဲ့ ပတ်သက်လို့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တော့ မရှိပါဘူး ။ သူဟာ အသင်းနဲ့ အတူ လေ့ကျင့်ရေးတွေ လုပ််ဆောင်ဖို့ အသင့်ရှိနေပါပြီ ။ သူဟာ ရှေ့ဆက်ဖို့ အသင့်ဖြစ််နေပါပြီ ။ ဒီရာသီ သူ့ဆီကနေ ဘာတွေ ရနိုင်မလဲဆိုတာ စောင့်ကြည့်ကြရတာပေါ့ဗျာ ”
ဒင်းန် ဟန်ဒါဆန် အသင်းနဲ့ လေ့ကျင့်ပြီ
” ကိုဗစ် ဆိုတာ လူတိုင်းအတွက် အသစ်အဆန်း ဗိုင်းရပ်စ် တစ်ခုပါ ။ အတော်လေးလည်း ကြောက်ဖို့ကောင်းလှပါတယ် ။ ဘောလုံးသမားတွေလောက် ကြံ့ခိုင်မှုတွေ မရှိကြတဲ့ လူအချို့ ဒါကို ကြုံတွေ့ခဲ့ပြီးကြပြီဆိုတာ ခင်ဗျားတို့ ကြားသိခဲ့ကြမှာပါ ။ ဒါက ဘာလက္ခဏာမှမပြပဲ ဘောလုံးသမားတွေကို ဆိုးကျိုးတွေ ၊ မောပမ်းနွမ်းနယ်မှုတွေ ဖြစ်ပေါ်နေစေခဲ့ပါတယ် ”
” အစပိုင်းတုန်းက ဒင်းန်ဟာ လေ့ကျင့်ရေးတွေ လုပ်ပြီးနောက် မောပမ်းနွမ်းနယ် နေတတ်ခဲ့ ပါတယ် ။ အခုတော့ သူရဲ့ ခံစားချက်တွေ ပိုမိုကောင်းမွန်နေခဲ့ပါပြီ ။ ဒါကြီးက အတော်လေး ကြောက်စရာကောင်းတဲ့ ရောဂါ ၊ ဗိုင်းရပ်စ် တစ်ခုပါ ။ ကျွန်တော်တို့ ကောင်းကောင်း သတိထားနေဖို့ လိုအပ် ပါတယ် ”
” ဒင်းန်ဟာ စမ်းသပ်ခံရတဲ့ အချိန်ကာလတွေကို ကျော်လွန်နိုင်ခဲ့ပါပြီ ။ သူဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးတွေကို လုပ်ဆောင်ရင်း မိမိကိုယ်ကို ပြန်လည် တည်ဆောက်နေပါပြီ ။ သူဟာ အသင်းနဲ့ ပူးပေါင်းဖို့ အရမ်းကို နောက််ကျခဲ့တယ်လေ ။ ဒါ့ကြောင့် အခုအချိန်မှာ သူဟာ အလုပ်တွေ အရမ်းကို ကြိုးစားနေခဲ့ ပါတယ် ”
လင်ဂတ်ရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးခြင်း
” ဂျက်စီအတွက် ပထမဆုံး ဦးစားပေးက အသင်းမှာ အံဝင်နိုင်ရေး ပါပဲ ။ ဒါဟာ ယူနိုက်တက် ကစားသမားတိုင်း အတွက် ဦးစားပေး ဖြစ်နေရပါ့မယ် ။ ကျွန်တော်တို့တွေဟာ အတူတကွ ခမ်းနားတဲ့ အချိန် ၊ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ပါတယ် ”
” လက်ရှိ အသင်းကောင်း တစ်သင်းကို ပိုင်ဆိုင်ထားတဲ့ မန်နေဂျာ တစ်ဦးအနေနဲ့ ဒီတစ်ပါတ် မင်းကတော့ ပါဝင်ခွင့် ရမှာ မဟုတ်ဘူးလို့ တစ်စုံတယောက်ကို ပြောဖို့ ခက်ခဲလှပါတယ် ။ ဒါပေမဲ့ ပွဲထွက် ကစားသမား 11 ယောက်ကို ရွေးရင်တော့ အချို့ကို ချန်လှပ်ထားခဲ့ရမှာပါပဲ ”
” ဒါပေမဲ့ အောင်မြင်တဲ့ အသင်းတသင်းမှာ ကစားသမားတိုင်းက ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ကြပါတယ် ။ ဂျက်စီဟာ ကြံ့ခိုင်မှု အပြည့်ရှိနေပြီ လေ့ကျင့်ရေးတွေကို ကောင်းကောင်း လုပ်နိုင်ခဲ့ ပါတယ် ။ သူဟာ ပုံစံကောင်း တစ်ခုနဲ့ အသင်းဆီ ရောက်လာခဲ့သူပါ ။ သူဟာ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နိုင်ပါလိမ့်မယ် ”
ဗာရန်း အပေါ် ထပ်မံ မှတ်ချက်ပေးမှု
” သူက ကြံ့ခိုင်မှု ကောင်းသူ တစ်ဦးပါ ။ သူဟာ သဘာဝ အလျောက် ကြံ့ခိုင်နေသူ တစ်ဦးဖြစ်တဲ့ အတွက် ကောင်းမွန််တဲ့ ရက်သတ္တပါတ် တစ်ခု ပိုင်ဆိုင်ခဲ့ရ ပါတယ် ။ သူက အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ရေး အစီအစဥ်မှာ ပါဝင်နိုင််ခဲ့ ပါတယ် ။ သူ့ရဲ့ အနေအထားတွေ ကောင်းမွန်နေရင် အသင်းနဲ့ အတူ လိုက်ပါခွင့် ရရှိမှာပါ ”
” သူ့ကို စောင့်ကြည့်ရသလောက် သူဟာ ပရော်ဖက်ရှင်နယ်ဆန်သူ ၊ ဆာလောင်နေတတ်သူ ၊ winner တစ်ဦးဆိုတာကို သိရှိခဲ့ရ ပါတယ် ။ သူဟာ လေ့ကျင့်ရေးကွင်းမှာလည်း မေးခွန်းတွေ မေးနေခဲ့ ပါတယ် ။ ကျွန်တော်တို့ ဘယ််လိုတွေ ကစားကြလဲဆိုတာ သူဟာ လေ့လာသိရှိချင်နေခဲ့ပါတယ် ”
” သူဟာ အလုပ်တွေ ကြိုးစားနေခဲ့သူ တစ်ဦးပါ ။ ကြမ််းတမ်း ခက်ခဲတဲ့ ဘောလုံး ရာသီ တစ်ခုကို ယှဥ်ပြိုင်နိုင်ဖို့ သူဟာ အခြေခံကျတဲ့ လေ့ကျင့်မှုတွေကို ကြိုးစားလုပ်နေခဲ့ပါတယ် ။ သူဟာ winner တစ်ဦးပါ ။ ဒါဟာ သေချာလှပါတယ် ”