spot_img

ဗာဂျယ်ဗန်ဒိုက်ကို မန်ယူနိုက်တက် ဂန္ထဝင် နောက်ခံလူနဲ့ နှိုင်းယှဉ်သွားခဲ့တဲ့ ဇာဟာ

ခရစ်စတယ်ပဲလေ့စ် စတား ဝယ်ဖရိုင်းဇာဟာဟာ လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို မန်ချက်စတာယူနိုက်တက် ဂန္ထဝင် ရီယိုဖာဒီနန်နဲ့ နှိုင်းယှဉ် သွားခဲ့ ပါတယ်။ လီဗာပူး ဗဟို နောက်ခံလူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ မာဆေးဆိုက် ဒါဘီမှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ပြစ်ဒဏ် ကျူးလွန်မှုကြောင့် ဒီရာသီ အန်ဖီးကလပ် အတွက် ပြန်ကစား ပေးနိုင်ဖို့ အခြေအနေ မရှိဘဲ လက်ရှိမှာ ပြန်လည် နလန်ထမှုတွေ လုပ်ဆောင် နေပါတယ်။

ခရစ်စတယ်ပဲလေ့စ် စတားက ဗန်ဒိုက်ဟာ သူ့ကို မန်ယူနိုက်တက် ဂန္ထဝင် ရီယိုဖာဒီနန် ကို ပြန်လည် အမှတ်ရစေတယ်လို့ ဂျေမီကာရေဂါကို ပြောခဲ့ ပါတယ်။ နယ်သာလန် နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဆောက်သမ်တန်မှ လီဗာပူးကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွေ့ လာခဲ့ပြီးနောက် the Reds တို့ကို အလုံးစုံ ပြောင်းလဲ စေခဲ့သူ ဖြစ်ပြီး ကလော့ရဲ့ အသင်းကို ဖလား စိန်ခေါ်သူ အဖြစ် ကနေ ချန်ပီယံတွေ ဖြစ်လာ စေခဲ့ ပါတယ်။

myan789

ဗန်ဒိုက်ဟာ လီဗာပူးကို ချန်ပီယံလိဂ်ဖလား ၊ ယူအီးအက်ဖ်အေ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး ပေးခဲ့ရုံသာမကဘဲ ပြီးခဲ့တဲ့ ရာသီကလည်း လီဗာပူးကို နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလား ဆွတ်ခူး နိုင်အောင် အဓိက အခန်းကဏ္ဍ ကနေ ကူညီ ပေးနိုင် ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထား ရပါတယ်။

ဇာဟာက သူ့အနေနဲ့ လီဗာပူး နောက်ခံလူနဲ့ မရင်ဆိုင်မီ ဗန်ဒိုက်ရဲ့ ကစားဟန်ကို အချိန်ယူကာ လေ့လာ ရလေ့ ရှိတယ်လို့ ဝန်ခံလိုက်ပြီး နယ်သာလန် အသင်းခေါင်းဆောင်ဟာ ပြီးပြည့်စုံတဲ့ နောက်ခံလူ တစ်ဦးလို့ ချီးကျူး သွားခဲ့ပါတယ်။

ဇာဟာက “ဗန်ဒိုက်ဟာ လျှင်မြန်တယ် ၊ သန်မာတယ် ၊ အရမ်းလည်း တည်ငြိမ် ပါတယ်။ သူ့မှာ ထိပ်တန်း နောက်ခံလူ တစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေး အားလုံး ရှိနေ ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ရီယိုဖာဒီနန်ဟာ တည်ငြိမ်မှု ရှိတဲ့ နေရာမှာ အားလုံးရဲ့ နောက်တဆင့်မှာ ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်မှာလည်း ဒီလိုမျိုး အရာတွေ အားလုံး ပိုင်ဆိုင် ထားတယ်လို့ ကျွန်တော် ခံစား မိပါတယ်။

သူ ဘယ်လောက် တည်ငြိမ်သလဲ ဆိုတာကို ပြောရမယ် ဆိုရင် ဘောလုံးတစ်လုံး ခံစစ်စည်းကို ကျော်လာတဲ့ အခါမှာ သူဟာ ချက်ချင်း ရှင်းထုတ်မှုတွေ နောက်ပြန်ပေးတာတွေ မလုပ်ဘဲ ဟိုလိုလို ဒီလိုလိုနဲ့ ဒီဘောလုံးကို အသာမကာ နောက်ကနေ လိုက်နေတဲ့ တိုက်စစ်မှုးကို အရူးလုပ်တက် ပါတယ်။

ကျွန်တော်ဟာ နောက်ခံလူတွေရဲ့ ကစားဟန်ကို သိပ်ပြီး ကြည့်လေ့ မရှိပေမယ့် သူနဲ့ ရင်ဆိုင် ရတော့မယ့် အချိန်မှာတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ လီဗာပူးနဲ့ ရင်ဆိုင် ရတော့မယ့် ပွဲစဉ် မတိုင်မီ ဗန်ဒိုက်ကို ဘယ်လို ရင်ဆိုင် ကစား သွားရမလဲ ဆိုတာ ကျွန်တော် သူ့ရဲ့ ကစားဟန်ကို လေ့လာကာ စဉ်းစား ရလေ့ ရှိပါတယ်။” လို့ ပြောသွား ပါတယ်။

လီဗာပူးဟာ လက်ရှိ အချိန်မှာ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် နေရပြီး ဗန်ဒိုက် အပြင် ဂိုးမက်ဇ် ကလည်း ကာလရှည် ဒဏ်ရာ ရရှိနေကာ မာတစ် ကလည်း ကြံ့ခိုင်မှု ပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန် နေရပါတယ်။ ဒါ့ကြောင့် လီဗာပူး ပရိတ်သတ်တွေဟာ ကလော့ကို ဇန်နဝါရီ ဈေးကွက်ထဲ ဝင်ကာ ဗဟိုနောက်ခံလူ တစ်ဦး ခေါ်ယူဖို့ တောင်းဆိုမှုတွေ မြင့်တက် နေပါတယ်။

ဒါပေမယ့်လည်း ကလော့က “

ကလော့က “No လို့တော့ ကျွန်တော် ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကြုံတွေ့ နေရတဲ့ အခြေအနေကြောင့် ကစားသမားသစ် ခေါ်ယူဖို့ဟာ မဖြစ်နိုင်လောက် ပါဘူး။ လက်ရှိ အခြေအနေဟာ လူတွေ အားလုံး အတွက် ဘောလုံး အသင်းတွေ အားလုံးအတွက် ခက်ခဲမှု ရှိတယ် ဆိုတာ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။ ကလပ် အသင်း တစ်ချို့သာ ဘဏ္ဍာရေးဆိုင်ရာ ပြသနာ လုံး၀ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီကလပ်နဲ့ ဒီအသင်း ပိုင်ရှင်တွေ ကတော့ အမြဲတမ်း ကိုယ်လုပ်မယ့် အရာတွေနဲ့ ပက်သက်ပြီး ချင့်ချိန် ရပါတယ်။

အကယ်၍ ကမ္ဘာကြီးသာ ပုံမှန် အခြေအနေမှာ ရှိနေတယ် ဆိုရင်…အရာအားလုံး အိုကေ နေတယ်ဆိုရင်…ဒီလို စီနီယာ ဗဟိုနောက်ခံလူ ၃ ဦး ဒဏ်ရာ ရနေတဲ့ အခြေအနေမှာ ကျွန်တော်တို့ ကစားသမား ဖြည့်တင်းမှု သေချာပေါက် လုပ်သွားမှာပါ။ ဒါပေမယ့် အခု ကျွန်တော်တို့ဟာ ဒီလို အခြေအနေမှာ ရှိမနေပါဘူး။ ဒါ့ကြောင့် တစ်စုံတစ်ရာ ဖြစ်လာမလား မဖြစ်လာဘူးလား ဆိုတာ ကျွန်တော် မသိပါဘူး။” လို့ ဆိုသွား ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular