spot_img

ဗန်ဒီ ဘိခ် အပါအဝင် ပွဲထွက်ခွင့် နည်းပါးနေကြတဲ့ ကစားသမားတွေ အတွက် အမှာစကား ပါးလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဗီလာ ရီးယဲ အသင်းကို အနိုင် ကစားခဲ့တဲ့ ပွဲစဥ်အတွင်း ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် လူစားဝင် ကစားခွင့် မရရှိခဲ့တဲ့ အတွက် မကျေမနပ် ဖြစ်နေလိမ့်မယ်ဆိုတာ နားလည်ကြောင်း ပြောပြသွားခဲ့လိုက် ပါတယ် ။

ဆိုးလ်ရှားဟာ အဆိုပါ ပွဲစဥ်တုန်းက ဗန်ဒီ ဘိခ် ထက် ဖရက်ဒ် နဲ့ လင်ဂတ် တို့ကိုပဲ လူစားဝင် ကစားခွင့် ပေးခဲ့ပြီး အဆိုပါ ကစားသမား နှစ်ဦးဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနိုင်ဂိုး ရရှိစေရေးမှာ အဓိက ကျသူတွေ ဖြစ်သွားနိုင်ခဲ့ကြ ပါတယ် ။

myan789

ဗန်ဒီ ဘိခ် ကတော့ ကွင်းဘေးမှာ သွေးပူ လေ့ကျင့်ခန်း လုပ်ရင်းနဲ့သာ အချိန်တွေ ကုန်ဆုံးသွားခဲ့ရတဲ့ အတွက် အသင်းဖော် နှစ်ဦးဖြစ်တဲ့ အဲရစ် ဘိုင်လီ နဲ့ ဒင်းန် ဟန်ဒါဆန် တို့ဟာ သူ့ကို နှစ်သိမ့်ပေးမှုတွေ ကိုယ်စီ လုပ်ဆောင်ခဲ့ကြပါသေးတယ် ။

ဗန်ဒီ ဘိခ်ဟာ အေဂျက်စ် မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာခဲ့တဲ့နောက်ပိုင်း အခုချိန်ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 4 ကြိမ်သာ ပွဲထွက်ကစားခွင့် ရရှိထား ခဲ့ပါသေးတယ် ။ ဒါ့အပြင် အသုံးပြုမခံရတဲ့ အရံလူ အဖြစ်် 24 ပွဲ ရှိနေခဲ့ရပါတယ် ။

ဒါ့ကြောင့် ဗန်ဒီ ဘိခ်ဟာ နွေတုန်းက ပရီးမီးယားလိဂ် ပြိုင်ဖက် အဲဗာတန် အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ အပြောင်းအရွှေ့ဟာ ဖြစ််ပွားဖို့ အတော်လေး နီးစပ်ခဲ့သေးပေမဲ့ ဆိုးလ်ရှား က ပိတ်ပင်ခဲ့တဲ့ အတွက် မဖြစ်ခဲ့ရပါဘူး ။

” ခင်ဗျား သိလား ၊ ကျွန်တော်ဟာ လက်ရွေးစင် ကစား သမားတွေချည်း ပါဝင်နေတဲ့ အသင်းကို စီမံခန့်ခွဲနေရပါတယ် ။ သူတို့ဟာ ခြားနားချက်တွေကို လုပ်ဆောင်ပေးနိုင်တဲ့ ၊ ပွဲစဥ်တိုင်း ပွဲထွက် ကစားချင်ကြတဲ့ ကစားသမားတွေချည်းပါပဲ ။ သူတို့ အားလုံး ကွင်းထဲပဲ နေချင်ကြတယ််လေ ”

” အခြား ကစားသမားတွေလိုပဲ ဒွန်နီ လည်း လူစားဝင်ချင်ခဲ့ပါသေးတယ် ။ ကျွန်တော် ကိုယ်တိုင်က လက်ရှိ အသင််းမှာ ရှိနေတဲ့ ကစားသမား အားလုံးထက် ပိုပြီး လူစားဝင် ကစားသမား အဖြစ် ကစားခဲ့ဖူးသူပါ ။ ကျွန်တော်ဟာ စံချိန်တင် ပွဲအများကြီး ကစားခဲ့ရတဲ့ အရံလူပါပဲ ”

” ဒီလို ကစားရတဲ့ အနေအထားမှာ ခင်ဗျားတို့ အမြဲတမ်း အဆင်သင့် ရှိနေဖို့ လိုအပ်လှပါတယ် ။ ကျွန်တော် ကိုယ်တိုင််လည်း ဂိုးတွေ ခနခန သွင်းနေတဲ့ကြားက လူစားဝင် ကစားခွင့်သာ ရခဲ့တဲ့ အတွက် မပျော်မရွှင် ဖြစ်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ မန်နေဂျာ ရဲ့ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာရမယ်လေ ”

” အဲလက်စ် ဘယ်တောင်ပံမှာ ကစားခဲ့ပြီး ဖရက်ဒ် နဲ့ ချိတ််ဆက်ပုံ ကောင်းမွန်ခဲ့ပါတယ် ။ သူတို့တွေ စိတ်ပျက်နေကြမယ်ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်် ။ ကစားသမားတိုင်းက ပွဲထွက် ကစားခွင့် ရရှိဖို့ စိတ်အားထက်သန် နေကြသူတွေချည်းပဲလေ ”

” သူတို့ အနေနဲ့ ဒါတွေကို ခွန်အားအဖြစ် ထိန်းသိမ်းထားသင့်ပါတယ် ။ အဲ့တာပြီးရင် ပွဲကစားခွင့် ရရှိတဲ့ အချိန်မှာ ဘာတွေ လုပ်နိုင်လဲဆိုတာ ကျွန်တော့်ကို ပြသကြပေါ့ဗျာ ။ ဒွန်နီ တစ်ဦးထဲ မဟုတ်ပါဘူး ၊ ကစားသမား အားလုံးအတွက်် ဒါက အရေးကြီးပါတယ် ”

” ကျွန်တော်တို့ အောင်မြင်မှုကို ရချင်ရင်တော့ အပေါင်း လက္ခဏာဆောင်တဲ့ စွမ်းအင်တွေ ရှိနေဖို့ လိုအပ်ပါတယ် ။ ဒွန်နီဟာ သူ့ရဲ့ အသင်းဖော်တွေကို ဘယ်တော့မှ အနှုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ မပေးဆောင်ခဲ့ဖူးပါဘူး ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular