spot_img

ဗန်ဒိုက်ရဲ့ လက်ရွေးစင်အသင်းဖော်ကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူးဟာ နွေရာသီမှာ ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်သွားဖို့ ရှိနေပြီး ကွင်းလယ်ပိုင်းနဲ့ နောက်တန်းကို အဓိက အင်အား ဖြည့်တင်းမှုတွေ လုပ်သွားရန် ပြင်ဆင်နေပါတယ်။

နွေရာသီမှာ မာတစ် နဲ့ ဂိုးမက်ဇ် တို့ထဲက တစ်ဦးဦး ထွက်ခွာသွားဖို့ ရှိနေတဲ့အပြင် ညာနောက်ခံလူ နေရာ အတွက်လည်း ကာဗာ တစ်ဦး လိုနေပါတယ်။ တင်ဘာဟာ ဗဟိုခံစစ်အပြင် ညာနောက်ခံလူနေရာ ၊ back three နဲ့ ကွင်းလယ်ခံစစ် စတဲ့ နေရာတွေမှာ ကစားနိုင်သူ ဖြစ်တာကြောင့် ယာဂန်ကလော့ စိတ်ကြိုက်ပဲ ဖြစ်ပါတယ်။

myan789

လီဗာပူး ဟီးရိုး ဂျွန်ဘန်းက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမည့်နွေရာသီမှာ အိုင်ယက် နောက်ခံလူ ဂျူရီယန်တင်ဘာကို ခေါ်ယူနိုင်ရန် အစွမ်းကုန် ကြိုးစားသွားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ဂျွန်ဘန်းက “အမှန်ပါပဲ။ သူဟာ နယ်သာလန် လက်ရွေးစင် အသင်းမှာ ဗာဂျယ်ဗန်ဒိုက်နဲ့အတူ တွဲဖက်ကစားနေသူ ဆိုတာ ကျနော် သိပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းများအရ ဗန်ဒိုက်ဟာ သူ့ကို နွေရာသီမှာ အန်ဖီးကို ပြောင်းရွေ့လာရန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်တဲ့ အပြင် လီဗာပူး အတွက် ကောင်းမွန်တဲ့ asset ဖြစ်လာနိုင်ပါတယ်။ ဗန်ဒိုက်ဟာ အခုဆိုရင် အသက် ၃၀ ကျော်နေပါပြီ။ သူ လီဗာပူးမှာ တသက်လုံး ကစားသွားမှာ မဟုတ်ပါဘူး။ သူ့ကို ခေါ်ယူခြင်းဟာ ရေတိုမှာ ဗာဂျယ်ဗန်ဒိုက်နဲ့ တွဲဖက် ကစားဖို့တင် မကပါဘူး။ ရေရှည်အတွက် ဆိုရင်လည်း လီဗာပူးဟာ ဗဟို နောက်ခံလူ တစ်ဦး ခေါ်ယူရန် လိုအပ်နေပါတယ်။

ကျနော်တို့သာ သူ့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တင်ဘာဟာ လီဗာပူးရဲ့ ဗဟိုနောက်ခံ နေရာအတွက် ကောင်းမွန်တဲ့ option တစ်ခု ဖြစ်လာနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

မကြာ‌သေးမီက အင်တာ‌ဗျူး အစီအစဉ်မှာ တင်ဘာက “အပြောင်းအရွေ့ဟာ နီးသထက် နီးလာပါပြီ။ ဒီလို ပြောနိုင်ပါတယ်။ အသေအချာ စိတ်ဝင်စားနေတဲ့ ကလပ်တွေလည်း ရှိနေကာ ကျနော် အိုင်ယက်နဲ့လည်း သဘောတူညီမှု ရရှိထားပါတယ်။

နယ်သာလန် လက်ရွေးစင် အသင်းမှာ ကျနော် နိုင်ငံရပ်ခြားမှာ သွားကစားနေတဲ့ ဘော်ဒါတွေနဲ့ မကြာခဏ စကားပြောဖြစ်ပါတယ်။ ကျနော်လည်း တနေ့မှာ ဒီလို ခြေလှမ်းကို လှမ်းသွားမှာပါ။ ဘယ်အချိန်လည်း ဆိုတာ ခင်ဗျားတို့ မကြာခင် ကြားရမှာပါ။ အိုင်ယက်နဲ့ ဆွေးနွေးမှု အဆင်ပြေရင် အပြောင်းအရွေ့ ဖြစ်လာမှာပါ။”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular