ဖူလ်ဟမ်ကို အနိုင်ရပြီးနောက် မန်ယူရဲ့ အခြေအနေကို ရိုးရိုးသားသားထုတ်ပြောလိုက်တဲ့ တန်းဟက်

တနင်္ဂနွေနေ့ညက ကစားသည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်ယူက ဖူလ်ဟမ်ကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့သည်။ မန်ယူသည် အထူးအဖြင့် ပထမပိုင်းတွင် ဖူလ်ဟမ်၏ဖိအားပေးခြင်းကို ခံခဲ့ရပြီး ပွဲချိန် မိနစ် ၅၀ တွင် ဖူလ်ဟမ်တိုက်စစ်မှူး မီလ်ထရိုဗစ်၏ အဖွင့်ဂိုးသွင်းယူခြင်းကို ခံခဲ့ရသည်။ သို့ရာတွင် ပွဲချိန် မိနစ် ၇၀ ကျော်တွင် မန်ယူ၏ ဂိုးသွင်းရန်ကြိုးစားမှုကို တားဆီးရင်း ဖူလ်ဟမ်မှု ဝီလီယမ်က လက်ထိသည်ဆိုကာ မန်ယူတို့ပင်နယ်တီရခဲ့သည်။

အဆိုပါပင်နယ်တီကို ကန့်ကွက်ရင်း မီထရိုဗစ်တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံရသလို ဝီလီယမ်လည်း အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။ ဖူလ်ဟမ်မန်နေဂျာ မာကို ဆေးဗားသည် ဒိုင်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြောဆိုသဖြင့် အထုတ်ခံခဲ့ရသည်။ ဖာနန်ဒက်စ်က ထိုပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် ၉ ယောက်တည်းသာကျန်တော့သော ဖူလ်ဟမ်သည် အိုးထရက်ဖို့တွင် မန်ယူကို ယှဉ်ကစားနိုင်ခြင်း မရှိတော့ချေ။

myan789

ပွဲချိန် ၇၇ မိနစ်တွင် လုခ်ရှောချိုးပေးလိုက်သော ဘောလုံးကို ဂိုးရှေ့တွင် ရောက်နေသော ဆာဘစ်ဇာက လှပစွာကန်သွင်းရင်း မန်ယူတို့ အနိုင်ဂိုးရရှိခဲ့သည်။ နာကျင်အချိန်ပို ပွဲ၏နောက်ဆုံး အခိုက်အတန့်တွင် ဖာနန်ဒက်စ်က မန်ယူအတွက် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး မန်ယူသည် ၃-၁ ဖြင့်အနိုင်ရရှိခဲ့သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် တန်းဟက်က မန်ယူသည် ယခုထက်ပို၍ ကစားနိုင်သင့်ကြောင်း ဂိုးသမား ဒဟေးယားသည် အရေးပါသည့် ကာကွယ်မှုအချို့ကို ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဘောလုံးခြေထောက်ထဲရှိနေချိန်မှာ မန်ယူကအခုထက်ပိုပြီးကောင်းသင့်ပါတယ်။ ဘောလုံးခြေထောက်ထဲ မရှိတဲ့အချိန်မှာတော့ မန်ယူကစားနေတာ ကောင်းပါတယ်။ မန်ယူက တချို့အချိန်တွေမှာ ဖိအားပေးခံခဲ့ရသလို ထောင့်ကန်ဘောတွေ ဖရီးကစ်တွေလည်း ပေးခဲ့ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးသွင်းတာကိုလည်း ခံခဲ့ရတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ဒဟေးယားရဲ့ကာကွယ်မှုအချို့ကြောင့်သာ အသင်းက အခြေအနေကို ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒဟေးယားက အရေးပါတဲ့ ကာကွယ်မှု နှစ်ကြိမ်လောက်ပြုလုပ်နိုင်ခဲ့ပါတယ်”

“ပွဲကို အပြောင်းအလဲဖြစ်စေတဲ့ အခိုင်အတန့်မှာဆိုရင်လည်း ခံစစ်ကနေ တိုက်စစ်ကို အကောင်းဆုံး ကူးပြောင်းနိုင်ခဲ့တယ်။ အန်ထော်နီကိုလည်း ချီးကျူးပါတယ်။ ဆန်ချိုလည်း ကောင်းတယ်။ ပင်နယ်တီကလည်းထိုက်ထိုက်တန်တန်ရခဲ့တာပါ”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

မန်ယူသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ဘရိုက်တန်အသင်းနှင့် ကစားရန်ရှိနေသည်။ အနိုင်ရပါက ဗိုလ်လုပွဲတွင် မန်စီးတီးနှင့် ရှက်ဖီးယူနိက်တက်တို့မှ အနိုင်ရလာသော အသင်းကို ဝင်ဘလေတွင် ယှဉ်ပြိုင်ကစားရန်ရှိနေသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular