ဖီအိုရင်တီးနားအသင်း ကြယ်ပွင့်တိုက် စစ်မှူး ဗလာဟိုဗစ်သည် သောကြာနေ့တွင် တူရင်မြို့သို့ရောက်ရှိလာပြီး ဂျူဗင်တပ်စ် အသင်းနှင့် ဆေးစစ်မှုခံယူခဲ့ကြောင်း သိရ သည်။
အသက် ၂၂ နှစ်အရွယ် ဆားဘီးယား လက်ရွေးစင်ကစားသမား ဗလာဟိုဗစ်သည် အာဆင်နယ်အသင်းသို့ ရောက်ရှိရန် နီးစပ် ခဲ့သော်လည်း စီးရီးအေပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဗလာဟိုဗစ်သည် သောကြာနေ့တွင် ဂျူဗင်တပ်စ်အသင်း၏ J Medical Centre သို့သွားရောက် ၍ ဆေးစစ်မှုခံယူခဲ့ပြီး ပုဂ္ဂိုလ်ရေးအချက်များ သဘောတူညီမှုရရှိပါက ကာလရှည်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ဆေးစစ်မှုပြုလုပ်ရန် ရောက်ရှိလာသည့် ဗလာဟိုဗစ်ကို ပရိသတ်များက စောင့်ကြိုနှုတ်ဆက်ခဲ့ကြပြီး ၎င်းင်းအနေဖြင့် ဂျူဗင်တပ်စ်အသင်း၌ တစ်နှစ်လစာ ယူရို (၇)သန်း ရရှိမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုနွေရာသီတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသည့် စီရော်နယ်လ်ဒို၏ နေရာတွင် အစားထိုးရန် ဗလာဟိုဗစ်ကိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးချေရမည်ဖြစ်သည်။
ဗလာဟိုဗစ်သည် ယခုရာသီ စီးရီးအေ ပြိုင်ပွဲတွင် ၁၇ ဂိုးသွင်းယူထားပြီး အီမိုဘီလီ (လာဇီယို)နှင့်အတူ ဂိုးအများဆုံးကစားသမား အဖြစ် ပူးတွဲဦးဆောင်နေသူဖြစ်သည်။
၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ယခုအထိ လေးနှစ်အတွင်း ဖီအိုရင်တီးနားအသင်းအတွက် ၁၀၈ ပွဲကစား ၄၉ ဂိုးသွင်းယူပေးထားသည်။