မန်ယူအသင်း၏ နည်းပြဟောင်းတစ်ဦးဖြစ်သည့် မူလန်စတင်းက မန်ယူအသင်းသည် ဖာဂူဆန်နှင့်အတူ ကိုယ်ပိုင်အမှတ်လက္ခဏာများ ပျောက်ဆုံးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
မူလန်စတင်းသည် မန်ယူလူငယ်အသင်း၊ အရန်အသင်းများ၏ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ဖာဂူဆန်လက်ထက်တွင် ပထမအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်သည်။
၎င်းက ”အခုထိ ပရီးမီးယားလိဂ်ချန်ပီယံဆု မရယူနိုင်တော့တာကို ပြောနေရုံနဲ့ မလုံလောက်ပါဘူး။ အဆိုးဆုံးက မန်ယူအသင်းရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာအားလုံး ပျောက်ဆုံးသွားတာပါ။ ဖာဂူဆန်တည်ဆောက်ခဲ့တာတွေ ဘာမှ မရှိတော့တာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူအသင်းအနေဖြင့် မန်စီးတီးနှင့် လီဗာပူးလ်တို့ကဲ့သို့ ထိပ်တန်းနည်းပြကို အချိန်ပေးခန့်အပ်သင့်သည်ဟုလည်း အကြံပြုခဲ့သည်။