spot_img

ပွဲ ၁၀၀ ပြည့်အတွက် ကလော့ပ်ထံကနေ မက်ဆေ့ချ်ရရှိခဲ့ကြောင်း ကာတစ်ဂျုံးစ် ထုတ်ဖော်ပြောကြား

လီဗာပူးအသင်းလူငယ်စတား ကာတစ်ဂျုံးစ်တစ်ယောက် လက်စတာနဲ့ပွဲမှ ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်ခဲ့တဲ့အတွက် ကလော့ပ်ထံကနေ မက်ဆေ့ချ်ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာအသင်းကိုအိမ်ကွင်းမှာ ဧည့်ခံခဲ့ရပြီး အယူးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းက ဂတ်ပို ၊ ကာတစ်ဂျုံးစ် ၊ ဆာလက်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။အဆိုပါနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၇ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကာတစ်ဂျုံးစ်က လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်ခဲ့တာကို ပြန်လည်ပြောပြခဲ့ပါတယ်။ ဘီဘီစီနဲ့အင်တာဗျူးမှာ အသက် ၂၃ နှစ်သားက သူ့အနေနဲ့ ကစားသမားဘဝကိုမြှင့်တင်ပေးခဲ့တဲ့ ကလော့ပ်ထံကနေ နွေးထွေးတဲ့မက်ဆေ့ချ်တစ်ခုရရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

myan789
Liverpool youngster Curtis Jones reveals he received a message from Klopp on his 100th Premier League appearance against Leicester City.

“ကျွန်တော် ပွဲပြီးတော့ အဝတ်လဲခန်းထဲလာပြီး အသင်းနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဖုန်းကောက်ကိုင်လိုက်ချိန်မှာ မိသားစု ၊ ဝန်ထမ်းတွေအပြင် ကလော့ပ်ဆီကနေ မက်ဆေ့ချ်ပါရလိုက်ပါတယ်။ သူက ကျွန်တော်ပွဲ ၁၀၀ ပြည့်တာကို ဂုဏ်ပြုခဲ့သလို နောက်ထပ်ပွဲ ၅၀၀ မကပြည့်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ ကျွန်တော့်အတွက် တကယ့်ကိုဝမ်းသာစရာပါ။ သူက အင်စတာဂရမ်ကနေ ပို့ခဲ့တာဖြစ်ပြီး ကျွန်တော်နဲ့အပြင် တစ်သင်းလုံးနဲ့ အဆက်အသွယ်ရှိနေဆဲပါ။ သူက တကယ်ကောင်းတဲ့လူသားတစ်ဦးဖြစ်သလို ကျွန်တော်တို့ကိုလည်း ချစ်မြတ်နိုးနေဆဲပါ။ အသင်းကိုလည်း သူအကြာကြီး တည်ဆောက်လာခဲ့တာဖြစ်ပြီး အခုတော့ စလော့တ်က ဆက်လက်ဦးဆောင်နေတာပါ”လို့ ကာတစ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အမှားခံလို့မရတာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular