spot_img

ပွဲဦးထွက်မှာပဲ ဒဏ်ရာရသွားတဲ့ ကိုမိုဗဟိုခံစစ်မှူးသစ် ဗာရာနီ

မန်ချက်စတာယူနိုက်တက်မှ ပြောင်းရွှေ့သွားတဲ့ ကိုမိုဗဟိုခံစစ်မှူးသစ် ရာဖေးလ်ဗာရာနီဟာ ယမန်နေ့ညက ဆမ်ဒိုးရီးယားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတလီယာပွဲစဉ်မှာ အသင်းသစ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ပွဲဦးထွက်မှာပဲ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ အသက်-၃၁ နှစ်အရွယ် ကစားသမားဟာ နည်းပြဖာဘရီဂတ်စ် ဦးဆောင်မှုနဲ့အတူ စီးရီးအေသို့ တန်းတက်လာတဲ့ ကိုမိုသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ညက ဆမ်ဒိုးရီးယားယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော ဗာရာနီဟာ လီဗာပူး ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ပီပီရေနာ၊ အယ်လ်ဘာတိုမော်ရီနိုတို့နဲ့အတူ စတင်ပွဲထွက်ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာကြုံတွေ့ပြီး ပွဲအစ ၂၃ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

myan789

ယူနိုက်တက်ကစားသမားဘဝမှာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလိုကြုံတွေ့ပြီး ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရတဲ့ ဗာရာနီဟာ ကိုမိုအတွက် စတင်ကစားတဲ့ပွဲစဉ်မှာလည်း ဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်ရေးအတွက် ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ အသင်းဖော်သစ်တွေထံမှ အထင်ကြီးမှုကိုရယူဖို့ စတင်ကြိုးစားသွားရမယ့်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဗာရာနီအတွက်တော့ စိတ်ပျက်စရာပွဲစဉ်တစ်ပွဲကို ကြုံတွေ့ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ မိနစ် ၉၀ အတွင်း ၁-၁ နဲ့သရေ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဆမ်ဒိုးရီးယားက ကိုမိုကို ၄-၃ နဲ့ အနိုင်ရခဲ့တာကြောင့် ဗာရာနီအတွက်တော့ ထပ်ဆင့်စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ ကိုမိုဟာ ပထမဆုံးစီးရီးအေ ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

Raphael Varane suffered an injury in the first match.

ယူနိုက်တက်မှာ ၃ နှစ်ကြာ ကစားခဲ့ပေမယ့် ဗာရာနီဟာ ဒဏ်ရာပြဿနာကြောင့် တစ်ရာသီတိုင်းမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲထက် ပိုမကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ နေထိုင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ပြင်သစ်သားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄၈ ပွဲအထိ လွဲချော်ခဲ့ပါတယ်။ သို့သော်လည်း ဗဟိုခံစစ်မှူးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၉၅ ပွဲ ပါဝင်ကစားခဲ့ပြီး ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ယူနိုက်တက်မှ ထွက်ခွာချိန်မှာ ဗာရာနီက “ယူနိုက်တက်ပရိသတ်တွေကို ပြောချင်တာကတော့ ဒီမှာနေထိုင်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီအသင်းရဲ့အင်္ကျီကိုဝတ်ဆင်ပြီးကစားခဲ့ရတာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားခဲ့ရပါတယ်။ ယူနိုက်တက်ကစားသမားတစ်ယောက်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ဝင်ရောက်ခဲ့ရတဲ့ ပထမဆုံးအကြိမ်က ရူးလောက်စရာပါပဲ။ ပရိသတ်တွေရဲ့အားပေးမှုက အံ့မခန်းပါ။ ဒါကြောင့် ဒီအသင်းနဲ့ ဒီအသင်းပရိသတ်တွေကို ချစ်မြတ်နိုးခဲ့ရပြီး ကျွန်တော့်ကလေးတွေအတွက်တော့ ဒီနေရာက အိမ်လိုပါပဲ။ ဒီနေရာက ကျွန်တော့်ဘဝအတွက် အမြဲတမ်းအမှတ်ရစရာနေရာဖြစ်နေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular