spot_img

ပွဲထွက်ခွင့်ရရန် အသင်းဖော်ကို လူနှစ်ဦးငှားပြီး သံတုတ်ဖြင့် ရိုက်ခိုင်းသည်ဆိုသော သံသယဖြင့် PSG အမျိုးသမီးကွင်းလယ်လူ ဒီယာလို ထိန်းသိမ်းခံရ

PSG အမျိုးသမီးအသင်း၏ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ အမီတာနာဒီယာလိုသည် ပွဲထွက်ကစားခွင့်ရရန်အတွက် အသင်းဖော်ဖြစ်သူ ခီရာဟာမာအူအီကို အမျိုးသားနှစ်ဦးငှားရမ်းကာ သံတုတ်ဖြင့် ရိုက်ခိုင်းသည်ဆိုသောသံသယဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

ပြင်သစ်ရဲများသည် နိုဝင်ဘာ (၄)ရက်က PSGအမျိုးသမီးအသင်းကွင်းလယ်ကစားသမား ဟာမာအူအီ (၃၁ နှစ်)အရိုက်ခံရသည့်ဖြစ်စဉ်အတွက် အသင်းဖော်ဖြစ်သူ အမီတာနာဒီယာလို(၂၆ နှစ်)ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မာလေလီရွိုင်းဒေသရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

myan789

ပြင်သစ်အမျိုးသမီးလက်ရွေးစင်ကွင်းလယ်လူ ဟာမာအူအီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၎င်းရောက်လာပြီးနောက် ဒီယာလိုမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

ဟာမာအူအီ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ နိုဝင်ဘာ (၄)ရက်၊ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဟာမာအူအီ၏ ဆွေမျိုးတစ်ဦးက L’Equipe သို့ ပြောကြားခဲ့သည်။

ယင်းနေ့က PSG အမျိုးသမီးအသင်း၏ ညစာစားပွဲအပြီးတွင် ဒီယာလိုသည် ဟာမာအူအီကို အိမ်လိုက်ပို့ရန် ကမ်းလှမ်းခဲ့ပြီး ဟာမာအူအီ၏အိမ်သို့ ရောက်ခါနီးတွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက ဟာမာအူအီကို သံတုတ်များဖြင့် မိနစ်အနည်းငယ်ကြာ ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ဒီယာလိုမှာ တိုက်ခိုက်ခံခဲ့ရခြင်းမရှိကြောင်း PSG အမျိုးသမီးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရိုက်နှက်ခံခဲ့ရသည့် ဟာမာအူအီမှာ ဒဏ်ရာများကို ချုပ်ခဲ့ရပြီး အဆိုပါဖြစ်စဉ်မှ ရရှိခဲ့သောဒဏ်ရာများကြောင့် ပြီးခဲ့သည့်အင်္ဂါနေ့(နိုဝင်ဘာ ၉ ရက်)က ကစားခဲ့သည့် အမျိုးသမီးချန်ပီယံလိဂ်အုပ်စုပွဲစဉ် PSG (၄-၀) ရီးယဲလ် ပွဲကိုလွဲချော်ခဲ့ပြီး ယင်းပွဲတွင် ဟာမာအူအီအစား ဒီယာလိုက ပွဲထွက်ကစားခွင့်ရခဲ့သည်။

ထို့နောက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဒီယာလိုမှာ ရဲတပ်ဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ပြင်သစ်ရဲများသည် ဒီယာလိုအား ဟာမာအူအီကို လူငှားကာ သံတုတ်ဖြင့်ရိုက်ခိုင်းသည်ဆိုသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း အမှုဖွင့်ခြင်းမရှိသေးဘဲ တိုက်ခိုက်ခဲ့သည့် မျက်နှာဖုံးဝတ်လူနှစ်ဦးကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ဒီယာလို ဖမ်းဆီးထိန်းသိမ်းခံရသည့်သတင်းကို PSG အသင်းက အတည်ပြုခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular