spot_img

ပြောစရာ မရှိလို့ ကြံဖန်ပြီး ဖာမီနို ကို ဝိုင်းဝေဖန်ခဲ့ကြတယ်လို့ တုန့်ပြန်လိုက်တဲ့ ကလော့ပ်

လူဆိုတဲ့ သဘာ၀ ကလဲ တစ်ခါတလေ နားလည်ရခက်ပါတယ်။ အရင်နှစ်တွေ တုန်းကတော့ ဖာမီနို ၊ ဆာလတ် ၊ မာနေး တို့ 3 ယောက်ပဲ အမြဲတမ်း သုံးနေရင် ၊ ကစားအားကျပြီး ဒဏ်ရာပြသနာတွေ စိုးရိမ်ရတယ် ၊ ဒါကြောင့် အရံ တိုက်စစ်ကစားသမား တစ်ယောက် ထပ်ပြီး ဝယ်သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒီနှစ်တော့ အဲဒီ ရည်ရွယ်ချက်တွေ နဲ့ ဂျော်တာ ကို ခေါ်ယူလိုက်ပြီး ၊ ဂျော်တာ ခြေစွမ်းပြ လာပြန်တော့ ဖာမီနို ကို လက်ညိုးထိုးကြပြန်ပါတယ်။

myan789

ကလော့ပ် ကတော့ အဲဒီလို ဝေဖန်တဲ့ သူတွေဟာ ပြောစရာ အကြောင်းအရင်း မရှိတော့လို့ ၊ ဖာမီနို ကို လက်ညိုးထိုး အပြစ်ရှာပြီး ပြောနေတာ ဖြစ်တယ်လို့ လက်စတာ နဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါပြီ။

ဒီပွဲမှာ ဖာမီနို ဟာ တိုက်စစ် နဲ့ ကွင်းလယ် ကို အဓိက ချိတ်ဆက် ကစားသွားခဲ့ပြီး ၊ ခေါင်းတိုက်ဂိုး တစ်ဂိုးတောင် ရယူပေးခဲ့ပါတယ်။ ခြေစွမ်းအားဖြင့် ကြည့်ရင် ရော်ဘတ်ဆန် ၊ မေလ်နာ တို့ဟာ အမြင့်ဆုံး မှာ မြင်တွေ့ခဲ့ရသည့်တိုင်အောင် ၊ ကစားအား ပိုင်းအရ ကြည့်မယ် ဆိုရင်တော့ ဖာမီနို က အပင်ပန်းဆုံး ဖြစ်ခဲ့မှာပါ။

ဘာလို့လဲ ဆိုတော့ တစ်သင်းလုံး ခံစစ်ပိတ်ထားတဲ့ လက်စတာ ကို ထိုးဖောက်ဖို့ အတွက် ၊ သူဟာ နေရာစုံကို ရွေ့လျားပြီး ချိတ်ဆက်ခဲ့သလို ၊ နောက်အထိ ဆင်းပြီး ဘောလုံး ဆင်းသယ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

ကလော့ပ် ကတော့ ပွဲရဲ့ အနေအထားကို သုံးသပ်ရင်း နဲ့ ဖာမီနို အပေါ် ဝေဖန်ခဲ့သူ တစ်ချို့ ကို အခုလို တုန့်ပြန်လိုက်ပါတယ်။

“ ကျနော့် ကလေးတွေ က လက်စတာ လို ထိပ်တန်းပြိုင်ဘက် အသင်းတစ်သင်းကို အကောင်းဆုံး ပုံစံတွေ နဲ့ ကစားပြသွားခဲ့တာပါ။ ဒီစွမ်းဆောင်ရည်ကြောင့် ကျနော်တို့ဟာ ဘာဖြစ်ရမယ် ၊ ညာဖြစ်ရမယ် ဆိုတာမျိုးတွေတော့ မရှိပါဘူး။ ဒါပေမယ့် ဘောလုံး ရှုထောင့်ကနေ ကြည့်လိုက်မယ် ဆိုရင်တော့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းလွန်းပါတယ်။

ကျနော် တို့ဟာ ဒီထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပါတယ်။ မေလ်နာ ရဲ့ ခြေစွမ်းကတော့ ရှယ်ပါပဲ။ တိုက်စစ်ကို တာဝန်ယူခဲ့တဲ့ ဂျော်တာ ၊ ဖာမီနို ၊ မာနေး တို့ 3 ယောက် ဆိုရင်လဲ သိပ်ပြီး တွဲ မကစားဖူးပေမယ့် တော်တော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။

လူတစ်ချို့ က ဖာမီနို ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြတာ တော်တော်တော့ ရယ်စရာကောင်းသားဗျ။ သူတို့မှာ ပြောစရာ အကြောင်းမရှိလို့ ရှာကြံ ပြောကြတာ ထင်ပါတယ်ဗျာ။ တစ်ခါတလေ ဒါမျိုးတွေကလဲ ရှိတတ်တယ်လေ။

ဒီညပွဲ ဆိုရင် သူဟာ ခေါင်းတိုက်ဂိုး မရခင် အချိန်ထိ ၊ အသင်းရဲ့ ဂိုးအများဆုံး သွင်းတဲ့သူတောင် ဖြစ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သွင်းဂိုး တစ်ဂိုး သွင်းပြသွားတဲ့ အတွက် ကျေနပ်မိတာပေါ့” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဖာမီနို ဟာ လက်စတာ အသင်းဘက်ကို စုစုပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး 6 ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပြီး ၊ ဒါဟာ လီဗာပူး သမိုင်းကြောင်း တစ်လျှောက် လက်စတာ အသင်းဘက်ကို သွင်းယူခဲ့တဲ့ ကစားသမားတွေ ထဲမှာ အများဆုံး စံချိန် အဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲ အနိုင်ရရှိလိုက်တာကြောင့် လီဗာပူးဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် စံချိန်သစ် ဖြစ်တဲ့ အိမ်ကွင်းရှုံးပွဲ မရှိစံချိန်ကို 64 ပွဲ နဲ့ တင်ရှိသွားခဲ့ပါတယ်။ ယခင်စံချိန် ဟောင်းကိုတော့ ချန်ပီယံလိဂ် 3 လုံး ရယူပေးခဲ့တဲ့ နည်းပြကြီး ဘော့ ပေစလေ က 63 ပွဲ နဲ့ တင်ထားတာ ဖြစ်ပါတယ်။

ဒီပွဲ အနိုင်ရလာဒ်ကြောင့် လီဗာပူး ဟာ အမှတ်ပေးဇယား ထိပ်ဆုံးက စပါး နဲ့ အမှတ်တူ ၊ ဂိုးကွာခြားချက် နဲ့ ဒုတိယ နေရာမှာ ရပ်တည် သွားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular