spot_img

ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူရန် အဲဗာတန်အသင်း စီစဉ်နေ

အဲဗာတန်အသင်းသည် လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲတော့မည့် အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာရှိနေပြီး ယခုအခါ အဲဗာတန်အသင်းလည်း ပါဝင်လာခြင်းဖြစ်သည်။

myan789

အဂွဲရိုးကို ဘာစီလိုနာ၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ စပါး၊ လိဒ်စ် စသည့်အသင်းများကလည်း စိတ်ဝင်စားနေကြပြီး အဂွဲရိုးကမူ ပရီးမီးယားလိဂ်တွင်သာ ဆက်ကစားသွားရန် ဆန္ဒရှိနေသည်ဟု သိရသည်။

အဂွဲရိုး(၃၂ နှစ်)သည် မန်စီးတီးအသင်းတွင် တစ်ပတ်ပေါင်(၂၄၀၀၀၀) ရရှိနေသူဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့်အခြေအနေကြောင့် မြင့်မားသည့်လစာနှုန်းထား ပေးချေရဖွယ်ရှိနေသည်။

ယင်းအချက်မှာ အဲဗာတန်အသင်းအတွက် ပြဿနာရှိနေသော်လည်း အဲဗာတန်အသင်းတာဝန်ရှိသူများက မြင့်မားသည့် လက်မှတ်ထိုးကြေးပေးချေပြီး လစာနှုန်းထားကိုလျှော့ချပေးရန် တောင်းဆိုသွားမည်ဟု သိရသည်။

အဲဗာတန်အသင်းသည် ပြီးခဲ့သည့်နွေရာသီကလည်း ရီးယဲလ်ကွင်းလယ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်။

နည်းပြ အန်ဆယ်လော့တီက ယင်းကဲ့သို့ ခေါ်ယူနိုင်သော ထိပ်တန်းကစားသမားများဖြင့် အသင်းကို အားဖြည့်တည်ဆောက်ရန် လိုလားနေသည့်အတွက် အဂွဲရိုးကိုလည်း ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular