ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် အခွန်ဆောင်ပြီး အရှုံးငွေ ပေါင်(၁၄၅.၆)သန်းရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်(၃၀)အထိ ပြုလုပ်ခဲ့သည့် စာရင်းရှင်းတမ်းအရ ချယ်လ်ဆီးအသင်းအနေဖြင့် ဝင်ငွေရရှိမှုတွင် ပေါင်သန်း(၃၀)ဝန်းကျင် မြင့်တက်ခဲ့သော်လည်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းက ယင်းသို့ အရှုံးပေါ်ရခြင်းမှာ COVID-19 ကြောင့် ပရိသတ်မပါသည့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ရခြင်းနှင့် ကစားသမားအရောင်းအဝယ်တွင် အမြတ်အစွန်းလျော့ကျခဲ့ခြင်းကြောင့်ဟု ဆိုခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ချန်ပီယံလိဂ်ဖလားရရှိခဲ့သော်လည်း အရှုံးပေါ်ခဲ့ခြင်းလည်းဖြစ်သည်။