spot_img

ပြီးခဲ့တဲ့ ရာသီမှာ အထူူး ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ် ကြယ်ပွင့်ဟောင်း တဦးကို ခေါ်ယူဖို့ ချဲလ်ဆီးထံ တိုက်တွန်းသွားတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏ သုံးစွဲခဲ့ပေမယ့် ၊ ၎င်းတို့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေထဲ ဝါရင့် တဦးမှ မပါခဲ့ပဲ ၊ အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့်တွေကိုသာ အဓိက ဦးစားပေး ခေါ်ယူသွားခဲ့ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ၎င်းရဲ့ အသင်းဟောင်းမှာ ဝါရင့် ဒေါက်တိုင် ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ကြောင်း သုံးသပ်ရင်း ၊ သူသာဆိုရင် အာဆင်နယ် ကွင်းလယ်လူဟောင်း ၊ လက်ရှိ လေဗာကူဆင် ကွင်းလယ်လူ ဂရန်နစ် ဂျာကာကို ခေါ်ယူမယ့် အကြောင်း ဖွင့်ဟလာပါတယ် ။

myan789

လီဘို့ဖ် က ” ချဲလ်ဆီးတို့ ခေါ်ယူသင့်တဲ့ ကစားသမား တယောက်ကို ကျွန်တော် ခင်ဗျားတို့ကို ပြောပြပါမယ် ။ သူက ဂရန်နစ် ဂျာကာပါပဲ ။ အာဆင်နယ်က ထွက်သွားခဲ့တုန်းက ချဲလ်ဆီးဟာ သူ့ကို ခေါ်ယူခဲ့သင့်တာပါ ။ သူဟာ ယူရိုမှာ ဆွစ်ဇာလန် အတွက် အံ့သြဖွယ် စွမ်းဆောင်ပေးခဲ့သလို ၊ လေဗာကူဆင်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ ။ ”

” သူဟာ ချဲလ်ဆီးနဲ့ အရမ်း လိုက်ဖက်ပါတယ် ။ အထူးသဖြင့် ကွင်းလယ်က အန်ဇို – ကိုင်စီဒို အတွဲနဲ့ ဆိုရင်ပေါ့ ။ သူဟာ ချဲလ်ဆီးတို့ လိုအပ်နေတဲ့ နောက်ဆုံး ပဟေဋ္ဌိ အဖြေ ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Chelsea icon says Blues should sign former Arsenal star this summer

တဖက်မှာ ဒီနွေတတွင်း တရားဝင် ကစားသမားသစ် ၅ဦး အထိ ခေါ်ယူထားပေမယ့် တိုက်စစ်မှူးသစ် တဦး ထပ်ဖြည့်ဖို့ ရှာနေသေးတဲ့ ချဲလ်ဆီးဟာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုတော့ ပြောင်းရွှေ့ကြေး ၊ လစာ ပမာဏ မြင့်မားမှုကြောင့် ခေါ်ယူဖို့ မရှိပဲ ၊ တန်ကြေး နိမ့်ပြီး လစာ သက်သာမယ့် လူငယ် ကြယ်ပွင့် တိုက်စစ်မှူးကိုသာ ပစ်မှတ်ထားသွားဖို့ များပါတယ် ။

ချဲလ်ဆီး အတွက် တိုက်စစ်မှူး ရွေးချယ်မှုနဲ့ ပတ်သက်ကာ လီဘို့ဖ် က ” ဗစ်တာ အိုဆီမန်ကို ကျွန်တော် တကယ် အထင်ကြီးပါတယ် ။ သူဟာ ချဲလ်ဆီး အတွက် ကြီးကျယ်တဲ့ တိုက်စစ်မှူး တယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ခံစားရပါတယ် ။ သူဟာ သန်မာသလို ၊ အမြင့်ဘော ကောင်းပြီး ၊ သဘာဝဆန်ဆန် ဂိုးသွင်းတိုက်စစ်မှူး တဦး ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးဟာ ပိုပြီး ဈေးပေါတဲ့ တိုက်စစ်မှူးတွေ ရွေးချယ်ချင်ရင်တော့ လန်းစ်နဲ့ လိုင်လီ အသင်းတွေကို စောင့်ကြည့်သင့်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀နှစ် အတွင်း သူတို့ဟာ တိုက်စစ်မှူးတွေကို တန်သင့်တဲ့ ကြေးနဲ့ ခေါ်ပြီး ၊ အမြတ်အစွန်း ကြီးမားတဲ့ ရောင်းချမှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ ”

” ဂျွန်နသန် ဒေးဗစ် ၊ လူးဝစ် အိုပန်ဒါတို့ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေက ပြင်သစ်လီဂူးဝမ်းမှာ အံ့သြဖွယ် ခြေစွမ်းပြခဲ့ကြပြီး ၊ သူတို့ကို ခေါ်ဖို့ ဘယ်လောက်မှ မကုန်ကျခဲ့ပါဘူး ။ ကျွန်တော်သာ ချဲလ်ဆီး နေရာမှာဆိုရင် လန်းစ်က အယ်ဟီ ဝါဟီကို ခေါ်ဖို့ စောင့်ကြည့်မှာပါ ။ ”

Chelsea should have signed him when Granit Jacka left Arsenal

” သူဟာ အရည်အချင်းရှိ ကစားသမား တယောက် ဖြစ်ပြီး ၊ ဒရော့ဘာနဲ့ ကစားပေါက်ချင်း တူပါတယ် ။ ဒရော့ဘာဆိုလည်း မာဆေးလ်က လျှော့ဈေးနဲ့ ချဲလ်ဆီးကို ပြောင်းခဲ့တာပါ ။ ခင်ဗျားဟာ လက်ရှိ ဈေးကွက်ကို ကြည့်ရင် တိုက်စစ်မှူး ရွေးချယ်စရာတွေက အရမ်း နည်းလာပါပြီ ။ ”

” ကိန်းဆို အင်္ဂလန် အသင်းမှာ ရုန်းကန်နေရသလို ၊ မိုရာတာဆိုလည်း စပိန် အသင်းမှာ သာမန်အဆင့်ပဲ ရှိပါတယ် ။ ဟာဗက်ဇ်ဆိုလည်း ခြေစွမ်း အရမ်း နုံချာလွန်းပြီး ၊ နာဂယ်စ်မန်းက သူ့ကိ ဘာကြောင့် ပွဲတိုင်း ပွဲထုတ်ခဲ့လဲ ဆိုတာ ကျွန်တော် နားမလည်တော့ပါဘူး ။ ”

” နစ်ကလပ်စ် ဖူလ်ခရုဂ်ဟာ ရွေးချယ်စရာ တခု ဖြစ်သင့်ပါတယ် ။ သူဟာ ဝှက်ဖဲ တချပ်ပါပဲ ။ ဂျာမနီ အတွက် လူစားဝင် ကစားပေးခဲ့တဲ့ အချိန်တိုင်းမှာ သူဟာ အန္တရာယ် အရမ်းရှိခဲ့ပါတယ် ။ သူ့အသက်က ၃၁နှစ် ရှိနေပြီ ဆိုတာ ကျွန်တော် သိပေမယ့် ၊ သူဟာ ချဲလ်ဆီး အတွက် အရည်အသွေး အများကြီး ထည့်ပေါင်းပေးနိုင်သလို ၊ အင်္ဂလိပ် ဘောလုံး လောကနဲ့လည်း ပြီးပြည့်စုံစွာ အံဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular