spot_img

ပြီးခဲ့တဲ့ နွေရာသီက လူးဝစ်ဆွာရက်ရဲ့ အပြောင်းအရွေ့ ပုံပြင် အကြောင်းကို ဖွင့်ဟလိုက်တဲ့ ဆီမွန်နီ

ဒီယေဂိုဆီမွန်နီက ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာတို့ လူးဝစ်ဆွာရက်ကို အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ မယုံနိုင်လောက်အောင် ဖြစ်မိတယ်လို့ ဝန်ခံလိုက်ပြီး ဒီအတွက်ကြောင့်လည်း သူဟာ ဆွာရက်ကို ချက်ချင်း ဆက်သွယ်ကာ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းလာအောင် စည်းရုံးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အက်သလက်တီကိုဟာ ဒီရာသီ လာလီဂါရဲ့ နောက်ဆုံးပွဲစဥ်မှာ လူးဝစ်ဆွာရက်ရဲ့ အနိုင်ဂိုးနဲ့အတူ ဗယ်လာဒိုးလစ်ကို ၂-၁ နဲ့ အနိုင်ယူကာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေရာသီက ဆွာရက်ကို စွန့်ပစ်သွားရန် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဥရုဂွေး တိုက်စစ်မှုးဟာ အသင်းဖော်တွေ ပရိတ်သတ်တွေကို နှုတ်ဆက်ကစားပြောချိန်မှာ ဝမ်းနည်း မျက်ရည်ကျခဲ့ပါတယ်။

myan789

ဆွာရက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဘာစီလိုနာရဲ့ အောင်မြင်မှုတွေမှာ အဓိက ကျခဲ့သူ ဖြစ်ပြီး နူးကမ့်မှာ ကစားခဲ့တဲ့ ၆ ရာသီမှာ ၂၈၃ ပွဲကစား ၁၉၈ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ဆီမွန်နီက ဘာစီလိုနာဟာ ဆွာရက်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေး ပေးနေတယ်လို့ အက်သလက်တီကို အကြီးအကဲတွေက သူ့ကို ပြောလာတဲ့အခါမှာ တအားကို အံ့အားသင့်မိခဲ့တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ဆီမွန်နီက ”ကျွန်တော် သူနဲ့ တွေ့ခဲ့ပါတယ်။ တကယ့်ကို အရည်အသွေး မြင့်မားလွန်းတဲ့ကစားသမား ပါပဲ။ ကျွန်တော် သူနဲ့ ပထမဦးဆုံး တွေ့ဆုံ စကား ပြောလိုက်ကတည်းက အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ သူ လီဗာပူးမှာ ကစားစဥ် ကတည်းက ကျွန်တော်သူနဲ့ စကား ပြောခဲ့ဖူးပါတယ်။ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ ဘာစီလိုနာကို ရွေးချယ် ခဲ့ပါတယ်။

အက်သလက်တီကိုတို့ သူ့ကို ခေါ်ယူဖို့အတွက် ဖြစ်နိုင်ခြေ ရှိလာတဲ့ အချိန်မှာ ကလပ်ဟာ ကျွန်တော့်ကို ခေါ်ပြီး ‘လူးဝစ်ဆွာရက် ဒီကို လာနိုင်​ခြေ ရှိတာနဲ့ ပက်သက်ပြီး ခင်ဗျား ဘယ်လို ထင်သလဲ?’ မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က ‘ခင်ဗျား တကယ်ပြောတာလား? ဒီလို ဆိုရင်တော့ ကျွန်တော့်ကို မေးမနေနဲ့။ ဆွာရက်နဲ့ ကျွန်တော် စကား ပြောလိုက်မယ်’ ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

ကျွန်တော် ဆွာရက်နဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို ပထမဦးဆုံး ပြောတဲ့ အရာကတော့ ‘ဒီမှာ လူးဝစ်..ငါတို့ ဖလားရဖို့ လိုအပ်တယ်။ မင်းလည်း ဖလား ရချင်တယ်မဟုတ်လား။ ငါတို့ တံခါးဖွင့်ထားတယ်’ လို့ ပြောခဲ့ပါတယ်။ ဆွာရက်လိုမျိုး အံ့ဖွယ်တွေ လုပ်ပြနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။

သူဟာ တကယ့် winner တစ်ဦးပါ။ သူဟာ ဘာစီလိုနာ ကနေ ထွက်ခွာလာခဲ့တဲ့ အကြောင်းရင်းနဲ့ ပက်သက်တဲ့ မေးခွန်းတွေ အသက် ၂၀ အရွယ် ကစားသမား တစ်ဦးရဲ့ စိတ်အားထက်သန်မှုမျိုး ၊ သူဟာ အမြင့်ဆုံး အဆင့်မှာ ကစားနိုင်သေးတယ် ဆိုတာ ပြသချင်တဲ့ စိတ်ဓာတ်နဲ့ ဒီကို ရောက်လာခဲ့တာပါ။

ဆုဖလားတွေ ရယူနေကြ ကစားသမား တစ်ဦးဟာ ဖလားရချင်တဲ့ အသင်းကို ပြောင်းလာခဲ့တာပါ။ ‘ဒီနှစ်မှာ သူဟာ ဒါကို ပုံဖော်ပေးနိုင်လိမ့်မယ်’ ကျွန်တော် ပြောခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular