spot_img

ပြိုင်ဘက်ခြေထဲသို့ အယ်လစ်ဆန် ဘောလုံးနှစ်ကြိမ်ပေးခဲ့ပြီး သွင်းဂိုးနှစ်ကြိမ် ခွင့်ပြုခဲ့ရခြင်းမှာ ခြေထောက်အေးနေခြင်းကြောင့်ဟု ကလော့ပ် အကြောင်းပြ

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် အမှားများကျူးလွန်ခဲ့သည့် ဂိုးသမား အယ်လစ်ဆန်ဘက်မှ ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကလော့ပ်က ယင်းပွဲတွင် ပြိုင်ဘက်ကစားသမားခြေထဲသို့ (၃)မိနစ်ခွဲအတွင်း ဘောလုံးနှစ်ကြိမ်ပေးခဲ့ပြီး၊ သွင်းဂိုး (၂)ဂိုး ခွင့်ပြုခဲ့ရခြင်းမှာ အယ်လစ်ဆန်၏ ခြေ ထောက်အေးနေခြင်းကြောင့်ဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့ခြင်းဖြစ်သည်။

myan789

ယာဂန်ကလော့ပ်က ”ကျွန်တော်တို့အသင်းဟာ အလွန်ကြီးမားတဲ့ အမှားနှစ်ကြိမ်ကို ကျူးလွန်ခဲ့ပါတယ်။ ပွဲတစ်ပွဲမှာ (၃-၁)ဂိုးနဲ့ အရေးနိမ့်နေတဲ့အခြေအနေကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ဖူးတာ တော်တော်လေး ကြာနေပြီး တကယ်ကို စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒီအခြေအနေကနေ ပြန်လာနိုင်ဖို့က တော်တော်လေးခက်ပြီး၊ အဲဒီအခြေအနေမှာပဲ မန်စီးတီးက စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အရမ်းသဘောကျပြီး၊ ဒါဟာ မန်စီးတီးနဲ့ (၁၃)မှတ်လောက်ကွာဟသင့်တဲ့ စွမ်းဆောင်ရည်မဟုတ်ပါဘူး။ ကျွန်တော်တို့ အလွန်ကြီးမားတဲ့အမှားတွေကို ကျူးလွန်ခဲ့ပြီး မန်စီးတီးလိုအသင်းမျိုးနဲ့ ရင်ဆိုင်တဲ့အခါ ပြဿနာက သူတို့က အသေသတ်နိုင်တဲ့သူတွေဖြစ်နေတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီပွဲကို ရှုံးခဲ့တာပါ။ အယ်လစ်ဆန်ရဲ့ အမှားနှစ်ကြိမ်ကိုလည်း ကျွန်တော် ဖုံးကွယ်မထားပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ကောင်းကောင်းမပြေ ဖြစ်သေးပါဘူး။ ကျွန်တော်တို့က သူတို့အသင်းကို ရွေးချယ်စရာအများကြီး ပေးမထားပါဘူး။ ပထမဂိုးပေးရတဲ့အခြေ အနေမှာတောင် ရွေးချယ်စရာအများကြီးမရှိပါဘူး။ ဒုတိယဂိုးကတော့ လူပေးမှားခဲ့တာပါ။ လူပေးမှားရတဲ့အကြောင်းက အမှန်တော့ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ ခြေထောက်တွေ အေးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီစကားက ရယ်စရာကောင်းတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်နိုင်ပါတယ်။ တကယ်တော့ သူက ကျွန်တော်တို့အသင်းရဲ့အသက်ကို အကြိမ်များစွာ ကယ်တင်ခဲ့ဖူးပါတယ်။ ဒီနေ့ အမှားနှစ်ကြိမ် လုပ်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ယင်းနိုင်ပွဲသည် မန်စီးတီးအသင်းအတွက် ၂၀၀၃ ခုနှစ်ကစ၍ အန်ဖီးလ်ကွင်းတွင် (၁၀)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခြင်းကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂွါဒီယို လာ၏အသင်းသည် ယခုရာသီတွင် (၂၂)ပွဲကစားရာ၌ အမှတ် (၅၀) ရယူနိုင်ခဲ့ပြီဖြစ်သည်။

လီဗာပူးလ်အသင်းမှာလည်း ယခုအချိန်တွင် မန်စီးတီးအသင်းနှင့် (၁၀)မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး အမှတ်ပေးဇယားအဆင့် (၄) နေရာတွင် ရောက်ရှိနေပြီဖြစ်သည်။

ကလော့ပ်က ”ထိပ်ဆုံး (၄)သင်းဝင်ဖို့က ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်ပါ။ ဒီအတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်”ဟုလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular