spot_img

ပြိုင်ပွဲသမိုင်းတွင် မြို့ခံပြိုင်ဘက် အေစီမီလန်ကို ကျော်ဖြတ်၍ အင်တာမီလန်အသင်း ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာ

၁၁ နှစ်ကြာဝေးကွာနေသည့် စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို အင်တာမီလန်အသင်း တစ်ကျော့ပြန် ဆွတ်ခူးရရှိခဲ့ပြီးနောက် မီလန်မြို့လမ်းများပေါ်တွင် ပရိသတ်ထောင်နှင့်ချီ၍ အောင်ပွဲခံခဲ့ကြောင်း သိရသည်။

ယခုအောင်မြင်မှုမှာ အင်တာမီလန်အသင်းအတွက် ၁၉ ကြိမ် မြောက်ရရှိသည့် စီးရီးအေချန်ပီယံဆုဖြစ်ပြီး ၁၈ ကြိမ်ဗိုလ်စွဲထားသည့် မီလန်မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကိုကျော်ဖြတ်၍ ပြိုင်ပွဲသမိုင်းတွင် ဒုတိယအအောင်မြင်ဆုံးအသင်း ဖြစ်လာကြောင်း သိရသည်။ စီးရီးအေသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဆု ၃၆ ကြိမ်ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။

myan789

အင်တာမီလန်အသင်းနည်းပြ ကွန်တီသည် ပထမရာသီတွင် ဒုတိယနေရာရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒုတိယရာသီတွင် ချန်ပီယံဆု ဆွတ်ခူးရယူပေးခဲ့ပြီး ၎င်းအတွက် နည်းပြဘဝ လေးကြိမ်မြောက် စီးရီးအေချန် ပီယံဆုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

” ဒီအောင် မြင်မှုက ကျွန်တော့်ဘဝအတွက် အကြီးကျယ်ဆုံးအောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အင်တာကိုသွားဖို့ဆိုတာ လွယ်ကူတဲ့ရွေးချယ်မှု မဟုတ်ပါဘူး။ အဲဒီအချိန်မှာ အသင်းက ချန်ပီယံဆုနဲ့ နေသားမကျသလို ကျွန်တော့်ရဲ့အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့လည်း တိုက်ရိုက်ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဂျူဗင်တပ်စ်ရဲ့ခေတ်ကို ဖျက်ဆီးနိုင်ခဲ့ပါပြီ။ ဒါက ကျွန်တော့်ရဲ့ အလိုချင်ဆုံး အိပ်မက်ဖြစ်ရုံတင် မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်ရဲ့ ကိုးရာသီကြာ လွှမ်းမိုးထားမှုကို နှစ်ရာသီအတွင်း ရပ်တန့် နိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဂျူဗင်တပ်စ်ထက်ပိုကောင်းတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာ အကောင်းဆုံး လုပ်နိုင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ အသိအမှတ်ပြုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular