spot_img

ပြင်းထန်ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် သီတင်းပတ်နှစ်ခုအကြာမှာ ဒဏ်ရာပြန်ရသွားတဲ့ နေမာ

ပြီးခဲ့တဲ့တနင်္လာနေ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် ကွင်းတွင်းမှထွက်ခွာခဲ့ရတဲ့ အယ်လ်ဟီလယ်တိုက်စစ်မှူးနေမာက သူ့ရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှတဆင့် မျှဝေအသိပေးခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးက အက်စတီဂါးလ်ကို အနိုင်ရရှိတဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း အရန်ခုံတန်းမှတဆင့် ပါဝင်ကစားခဲ့ပြီးနောက် မိနစ် ၃၀ အကြာမှာပဲ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့လို့ ပြန်လည်လူစားလဲလှယ်ခဲ့ရပါတယ်။ နောက်ထပ်ပြင်းထန်ဒဏ်ရာရရှိမှုစိုးရိမ်ချက်နဲ့အတူ လူစားလဲလှယ်ခဲ့ချိန်မှာ အသက်-၃၂ နှစ်အရွယ်ကစားသမားက ကွင်းပြင်ပဆီ ခြေထော့နင်းဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

myan789

နေမာက ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်ကြာအနားယူခဲ့ရပြီးနောက် မကြာသေးမီကမှ အယ်လ်ဟီလယ်အတွက် သူ့ရဲ့ဒုတိယမြောက်ပွဲစဉ်ကို ပါဝင်ကစားခဲ့ပါတယ်။ ပွဲစဉ်အပြီး ဆိုရှယ်မီဒီယာမှတဆင့် နေမာက နောက်ထပ်ဒဏ်ရာပြဿနာစိုးရိမ်မှုအတွက် သတိပေးချက်တစ်ခု လက်ခံရရှိခဲ့ဖူးပါတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Instagram Story တစ်ခုအဖြစ် ရေးသားခဲ့တဲ့ နေမာရဲ့စာစုထဲမှာ “ဒဏ်ရာအခြေအနေကိုတော့ စစ်ဆေးနေတုန်းပါပဲ။ သိပ်ပြီးမဆိုးရွားဖို့လည်း မျှော်လင့်ထားပါတယ်။ တစ်နှစ်လောက်အနားယူပြီးနောက် အခုလိုဒဏ်ရာပြန်ဖြစ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆရာဝန်တွေကလည်း ဒီလိုဖြစ်လာနိုင်မှုနဲ့ပတ်သက်လို့ ကျွန်တော့်ကို သတိပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော် ပိုပြီး ဂရုစိုက်သွားပါမယ်။ ပွဲစဉ်တွေမှာလည်း အခုထက်ပိုပြီး ပါဝင်ကစားသွားပါမယ်”လို့ ဖော်ပြထားပါတယ်။

ယခင်ဒဏ်ရာအခြေအနေကြောင့် နေမာက ဆော်ဒီပရိုလိဂ်ပွဲစဉ်အတွက် အယ်လ်ဟီလယ်အသင်းလူစာရင်းမှ နုတ်ထွက်ထားခြင်းကြောင့် လာမယ့်ပွဲစဉ်နှစ်ခုကို ပါဝင်ကစားခွင့် မရှိပါဘူး။ သူသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် လာမယ့် နိုဝင်ဘာ ၂၆ ရက်၊ ကာတာကလပ် Al-Saad နဲ့ရင်ဆိုင်ရမယ့် အာရှချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular