spot_img

ပြင်သစ်အသင်းတွင် ကစားသမားများအကြား စည်းရုံးမှုပြိုကွဲခဲ့ကြောင်း L’Equipe ဖော်ပြ

ယူရို-၂၀၂၀ ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတွင် အသင်းကစားသမားများအကြား စည်းရုံးမှုပြိုကွဲခဲ့ကြောင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြခဲ့သည်။

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ခဲ့သည့် ပြင်သစ်အသင်းသည် ရှုံးထွက်(၁၆) သင်းအဆင့်တွင် ဆွစ်ဇာလန်အသင်းကို မိနစ်(၈၀) အထိ (၃-၁)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၃-၃)ဂိုးဖြင့် သရေကျကာ ပယ်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

myan789

L’Equipe သတင်းစာ၏ဖော်ပြမှုအရ ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်မီ ဘူလ်ဂေးရီးယားနှင့် ခြေစမ်းပွဲအပြီးတွင် ဂျရူး၏ ပြင်သစ်အသင်း၌ မိမိကို ဘောလုံးပေးမကစားသူ ရှိသည်ဟုဆိုခြင်းကို ဘာပေ ဒေါသပေါက်ကွဲခြင်းမှစပြီး အသင်းကစားသမားများ စည်းရုံးမှုပြိုကွဲခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်တွင် လိုရစ်အပါအဝင် အသင်းကစားသမားအချို့သည် ဘာပေကို စိတ်ပျက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ပြင်သစ်ကစားသမားများသည် ယူရိုပြိုင်ပွဲတွင် တည်းခိုသည့် ဟိုတယ်အဆင်မပြေမှု၊ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မိသားစုများနှင့် တွေ့ဆုံခွင့်မရခြင်းတို့ကိုလည်း စိတ်ပျက်ခဲ့ကြကြောင်း L’Equipe က ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်နှင့်ပွဲတွင် ခံစစ်ကို မကူသည့် ပေါ့ဘာကို ရာဘီယူနှင့် ဗာရန်းတို့ ဝေဖန်ခဲ့ကြပြီး ပွဲကစားနေစဉ်မှာပင် ပြဿနာတက်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ပွဲကြည့်စင်ပေါ်တွင် ရာဘီယူ၏မိခင်သည် ဘာပေ၏မိသားစု၊ ပေါ့ဘာ၏မိသားစုတို့နှင့် ရန်ဖြစ်ခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular