spot_img

ပြင်သစ်လီဂူးပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

လိုင်လီ – Reims (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
နောက်ဆုံး (၂)ပွဲဆက်ရှုံးထားတဲ့ လက်ရှိချန်ပီယံ လိုင်လီ တို့ ခြေစွမ်းရော၊ စိတ်ပိုင်းဆိုင်ရာပါ အားနည်းနေတာတွေ့ရ တယ်။ အဓိက ကစားသမားတွေ ဆုံးရှုံးထားလို့ဆိုရင်တောင် လက်ရှိရလဒ်ပိုင်းက လက်ခံဖို့ခက်ပါတယ်။ ဒီပွဲတော့ လိုင်လီ နိုင်ပွဲပြန်ယူလိမ့်မယ်။

မိုနာကို – စိန့်အက်တီယန် (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
မိုနာကိုကလည်း ဥရောပပွဲတွေနဲ့ အမှတ်ပေးပွဲစဉ်တွေ ကြားမှာ ဟန်ချက်ညီဖို့ခက်နေတုန်းပဲ။ အထူးသဖြင့် ခံစစ်အား နည်းမှုက တစ်ပွဲထက်တစ်ပွဲ ပိုပြီးစိုးရိမ်စရာဖြစ်လာတယ်။ စိန့် အက်တီယန်ကလည်း နိုင်ပွဲမရသေးဘဲ ရုန်းကန်နေရတဲ့အသင်း ပါ။ အိမ်ကွင်းမှာ မိုနာကို နိုင်ပွဲပြန်ယူလိမ့်မယ်။

myan789

မောင့်ပယ်လီယာ – ဘော်ဒိုး (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
မောင့်ပယ်လီယာရဲ့ အိမ်ကွင်းကစားပုံ၊ ကစားအားက မဆိုးဘူးလို့ပြောလို့ရတယ်။ အိမ်ကွင်းမှာ အမှတ်ရအောင်လည်း ကစားတတ်တယ်။ ဘော်ဒိုးကတော့ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရ ခဲ့ပေမဲ့ လိုအပ်ချက်ရှိနေဆဲပါ။ မောင့်ပယ်လီယာကိုကြိုက်တယ်။

နန့်စ် – ဘရက်စ် (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
နှစ်သင်းစလုံး နိုင်ပွဲတွေရဖို့ ရုန်းကန်နေရပြီး ခြေစွမ်းက အားရစရာမရှိပါဘူး။ ဒါပေမဲ့ နှစ်သင်းယှဉ်လိုက်ရင်တော့ နန့်စ် ရဲ့ခြေ စွမ်းက အနည်းငယ်ပိုတည်ငြိမ်မှုရှိတယ်။ အိမ်ကွင်း လည်းဖြစ်နေလို့ နန့်စ်တို့ နိုင်ပွဲယူသွားပါလိမ့်မယ်။

ရန်းစ် – ကလယ်မွန့် (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
တန်းတက် ကလယ်မွန့်က ကွင်းမရွေး မာမာကျောကျော နဲ့ တုံ့ပြန်ကစားတတ်တဲ့အသင်းပါ။ တိုက်စစ်၊ ခံစစ်လည်း ဟန် ချက်ညီညီကစားနိုင်တယ်။ ရန်းစ်ကတော့ အိမ်ကွင်းမှာ အမှတ် ရဖို့ ကြိုးစားလိမ့်မယ်။ သရေဆိုတာ မျှတတဲ့ရလဒ်ပါပဲ။

အန်ဂါစ် – မာဆေးလ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
နှစ်သင်းစလုံးက ရာသီအစမှာ တည်ငြိမ်တဲ့ခြေစွမ်းကိုပြ သနေတယ်။ ဒါပေမဲ့ အန်ဂါစ်က နောက်ဆုံးအိမ်ကွင်းပွဲမှာရှုံးပွဲ ကြုံထားပြီး ဒီရှုံးပွဲကြောင့် အရှိန်တန့်သွားနိုင်တာကို ထည့်စဉ်း စားရမယ်။ မာဆေးလ်က ကွင်းမရွေးခြေမာပါတယ်။ မာဆေးလ် တို့ ကပ်နိုင်သွားဖို့ရှိနေတယ်။

လန်းစ် – စထရာဘိုး (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပွဲစဉ် (၆)အပြီးအထိ ရှုံးပွဲမရှိသေးဘဲ ပုံစံကောင်းရနေတဲ့ လန်းစ်ရဲ့ကစားအားက ချီးကျူးစရာပါပဲ။ အခုပွဲလည်း အိမ်ကွင်း ဖြစ်သလို၊ စထရာဘိုးရဲ့ ခံစစ်ပိုင်းအားနည်းမှုကြောင့် လန်းစ်တို့ အခက်အခဲရှိမယ်မထင်ဘူး။ လန်းစ်ပဲ နိုင်ပွဲဆက်လိမ့်မယ်။

လော်ရီယန့် – နိုက်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
နိုက်စ်က ရာသီအဖွင့်မှာ ရလဒ်တွေကောင်းနေသလို၊ လော်ရီယန့်ကလည်း အိမ်ကွင်းခြေစွမ်းမာကျောပြီး ပုံစံကောင်း ကို ပြနေတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိ နိုင်ပြီး သရေကျဖို့များတဲ့ပွဲပါပဲ။

လိုင်ယွန် – ထရွိုင်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
လိုင်ယွန်တို့ အိမ်ကွင်းမှာ အမှားခံမယ်မထင်ဘူး။ အသင်း က အရှိန်ရလာပြီဖြစ်သလို၊ ရလဒ်တွေလည်း ပြန်တည်ငြိမ်လာ တယ်။ ဂိုးတွေလည်းရလာတယ်။ ထရွိုင်စ်က အဝေးကွင်းကစား ပုံ အားနည်းပြီး ခြေစွမ်းတည်ငြိမ်မှုမရှိဘူး။ အိမ်ရှင်လိုင်ယွန်ကို ပဲ ဦးစားပေးရွေးချယ်ထားမယ်။

မက်ဇ် – PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ)
နိုင်ပွဲမရသေးဘဲ ဇယားအောက်ဆုံးရောက်နေတဲ့ မက်ဇ် အတွက် နိုင်ပွဲပြန်ရဖို့ ရုန်းကန်ရတော့မယ်အချိန်ဆိုပေမဲ့ ဒီပွဲ တော့ ဖြစ်လာဦးမယ်မထင်ပါဘူး။ မက်ဇ်တို့ အိမ်ကွင်းအားတစ် ခုတည်းနဲ့တော့ ကစားသမားစုဖွဲ့မှုအရရော၊ ခြေစွမ်းအရပါ အ ဖက်ဖက်ကသာလွန်နေတဲ့ PSG ကို တုံ့ပြန်ကစားဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒီပွဲမှာ မက်ဆီမပါနိုင်ပေမဲ့ နေမာ၊ ဘာပေတို့နဲ့စုဖွဲ့ထားတဲ့ PSG ရဲ့ တိုက်စစ်အတွဲဟာ သွင်းဂိုးတွေ မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ပရိသတ်ယုံကြည်မှုရဖို့ ကြိုးစားပါလိမ့်မယ်။ မက်ဇ် တို့ သွင်းဂိုးတွေရနေတယ်ဆိုပေမဲ့ နောက်ပိုင်းပွဲတွေမှာ တည် ငြိမ်မှုရလာတဲ့ PSG ခံစစ်ပိုင်းကို ဖောက်ထွက်ဖို့ လွယ်ကူမယ် မထင်ပါဘူး။ မက်ဇ်ရဲ့ ခံစစ်ပိုင်းက ဂိုးတွေ လွယ်လွယ်ခွင့်ပြုနေ ပုံနဲ့တော့ PSG ရဲ့တိုက်စစ်နဲ့ ကွင်းလယ်စုဖွဲ့မှုက အကြိုက် တွေ့ပါလိမ့်မယ်။ PSG ဂိုးပြတ်နိုင်ဖို့များတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular