စထရာဘိုး – PSG (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၉:၃၀ နာရီ)
လိုင်လီနဲ့ ပွဲအရှုံးက PSG ကို နစ်နာစေပါတယ်။ အဲဒီပွဲမှာ နေမာ အနီကတ်ပြခံခဲ့ရတာလည်း PSG ကို အားနည်းစေတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကစားထားရပြီး ပွဲပန်းဒဏ်ခံနေရတာတွေက PSG အတွက် အခက်အခဲတွေပဲ။ ဒါကြောင့်လည်း ဒီပွဲမှာ နည်းပြ ပိုချက်တီနိုအနေနဲ့ အဓိက ကစားသမားအများစုကို အနားပေးဖို့ များနေတယ်။ စထရာဘိုးက သာမန်အဆင့်သာရှိတဲ့အသင်းပါ။ ဥရောပဝင်ခွင့် မျှော်လင့်ချက် မရှိသလို၊ တန်းဆင်းအန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ ပထမအကျော့ PSGကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တာက စထရာဘိုးအတွက် တွန်းအားဖြစ်စေလိမ့်မယ်။ ဒါကြောင့် PSG ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ဖျက်ဆီးဖို့ စထရာဘိုးအနေနဲ့ ကြိုးစားလာနိုင်တယ်။ လက်ရှိအခြေအနေအရ PSG နိုင်ဖို့များပေမဲ့ ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်ဘူး။ (၂-၁)လောက်နဲ့ပဲ PSG နိုင်လိမ့်မယ်။
မောင့်ပယ်လီယာ – မာဆေးလ် (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)
မောင့်ပယ်လီယာက သရေပွဲတွေနဲ့ ရှေ့ဆက်နေပြီး မာဆေးလ်ကတော့ ဥရောပဝင်ခွင့် မျှော်လင့်နေတဲ့အသင်းပါ။ အဝေးကွင်းဖြစ်ပေမဲ့ မာဆေးလ် ရလဒ်ကောင်းနိုင်ပါတယ်။