PSG – ရန်းစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
PSG က ချန်ပီယံဆုအတွက်ဖိအားမရှိပေမဲ့ ရန်းစ်အတွက်တော့ ဥရောပဝင်ခွင့်တစ်နေရာတိုက်ပွဲအတွက် အရေးပါနေတယ်။ ဒါပေမဲ့ ဒီဘက်နောက်ပိုင်းမှာ ရန်းစ်ရဲ့ခြေစွမ်းက အဝေးကွင်းဆို သိသိသာသာအားနည်းသွားလေ့ရှိပြီး တိုက်စစ်ကလည်း ဂိုးရဖို့ရုန်းကန်နေရတယ်။ PSG ကတော့ ချန်ပီယံလိဂ်ပွဲတွေနီးလာချိန် အမှတ်ပေးပြိုင်ပွဲမှာ အမှတ်ဖြတ်နိုင်သလောက် ဖြတ်ထားပြီး သေချာမှုတစ်ခုကိုရယူထားမှာပါ။ မက်ဆီဂိုးပေါက် ပြန်တွေ့လို့လည်း PSG ရဲ့တိုက်စစ်ပိုင်းက ပိုပြီးယုံကြည်မှု မြင့်နေနိုင်တယ်။ ပါရီမြေမှာကစားရမှာလည်းဖြစ်လို့ PSG တို့ နိုင်ပွဲဆက်ဖို့သေချာပါတယ်။