စိန့်အက်တီယန် – ဘရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ညနေ ၅:၃၀ နာရီ)
စိန့်အက်တီယန်က စိတ်ချရတဲ့ အနေအထားမှာရှိသလို၊ ဘရက်စ်ကလည်း အန္တရာယ်သိပ်မရှိတော့ပါဘူး။ သရေကျဖို့များပြီး သွင်းဂိုးလည်း နည်းနိုင်တယ်။
မက်ဇ် – PSG (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၉:၃၀ နာရီ)
ချန်ပီယံဆုအတွက် PSG မှားခွင့်မရှိတော့ဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲရှိနေလို့ အဓိက ကစားသမားတွေကို အနားပေးဖို့များတယ်။ မက်ဇ်က လည်း ရလဒ်ပိုင်း အကျဘက်ရောက်နေတဲ့အသင်းပါ။ PSG နိုင်ဖို့များပေမဲ့ ဂိုးပြတ်၊ မပြတ်တော့ စဉ်းစားရမယ်။