spot_img

ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိသူအဖြစ် ဘရူနိုဖာနန်ဒက်စ် စံချိန်တင်

မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိသူအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိပြီးနောက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်အထိ ရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

myan789

အသက် (၂၆)နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ၂၀၂၀ ခုနှစ်၏ ဖေဖော်ဝါရီ၊ မေ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲတွင် (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး မန်ယူအသင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို (၃)မှတ် ဦးဆောင်ရာတွင် အဓိကခြေစွမ်းပြခဲ့သူဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်အနေဖြင့် မန်ယူကစားသမားဘဝ (၁)နှစ်မပြည့်မီမှာပင် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်အထိ ရရှိခဲ့ခြင်းကြောင့် မန်ယူအသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သည့် လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့်လည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ရရှိသည့်အရေအတွက် တူညီခဲ့ကြောင်း သိရှိရသည်။

“(၃)ဂိုးသွင်းပြီး (၄)ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဒီဇင်ဘာက ကျွန်တော့်အတွက် ပြီးပြည့်စုံခဲ့ပါတယ်။ ဂိုးသွင်းရတာနဲ့ အသင်းဖော်တွေကို ဖန်တီးပေးရတာက အရမ်းကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ ဆုဖလားတွေ၊ ဆုတံဆိပ်တွေ ရယူလိုပါတယ်။ မှတ်တမ်းသစ်ရေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်”ဟု ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် ဘရူနိုဖာနန်ဒက်စ်က လာမည့်တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲတွင် မိမိတို့အနေဖြင့် (၃)မှတ်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၆)ပွဲတွင် (၁၅)ဂိုး သွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular