spot_img

ပဲလေ့စ်ကိုသရေကျပြီးနောက် ချဲလ်ဆီးစတားတစ်ဦးကို ချီးကျူးလိုက်တဲ့ မာရက်စ်ကာ

ပဲလေ့စ်ကို ၁-၁ သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဆယ်ကျော်သက်စတား အချီအန်ပွန်ရဲ့ပွဲဦးထွက်ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်သားဟာ ကိုဝဲလ်ဒဏ်ရာရမှုနဲ့အတူ ပဲလေ့စ်နဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အခုလိုပွဲဦးထွက်ပါဝင်လာမှုကြောင့် အချီအန်ပွန်ရဲ့စာချုပ်အနေအထားက ဖြေရှင်းပြီးသားဖြစ်ခဲ့သလို စွမ်းဆောင်ရည်ကောင်းတွေပါပြသနိုင်ခဲ့လို့ မာရက်စ်ကာက ထုတ်နုတ်ချီးကျူးခဲ့ပါတယ်။ “ဒီနေ့ပွဲမှာ အားလုံးစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်ကိုရွေးရမယ်ဆိုရင် ဂျို့ရှ်ကို ရွေးချယ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အသက်အရွယ်အပြင် သူ့ရဲ့ပထမဆုံးပွဲမှာတောင် ခြေစွမ်းကောင်းပြသနိုင်ခဲ့လို့ပါ။

myan789

ဂျို့ရှ်က ဒီအသင်းရဲ့ထိပ်တန်းကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်း နဲ့ မှန်ကန်တဲ့အခိုက်အတန့်လိုအပ်ပါတယ်။ လူငယ်ကစားသမားတွေ လမ်းကြောင်းမှန်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ သူ့ကိုပါဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာက သူအဆင်သင့်ဖြစ်နေတာကြောင့်ပါ။ သူဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အသက်အရွယ်နဲ့ အခုလိုသာ အလုပ်ကြိုးစားပြီး အခွင့်အရေးကိုအသုံးချနိုင်မယ်ဆိုရင် ပွဲထွက်ခွင့်ရလာမှာပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

Maresca praised Chelsea star after the draw  

ချဲလ်ဆီးအတွက် ကိုးလ်ပယ်လ်မာက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို ဆက်လက်အသုံးမချနိုင်ခဲ့တာကြောင့် မာတီတာရဲ့နောက်ကျဂိုးနဲ့ သရေတစ်မှတ်သာရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ အခုသရေပွဲကြောင့် ၄ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး နယူးကာဆယ်နဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၂ ပတ် ၊ ၃ ပတ်လောက်တုန်းက ကျွန်တော်တို့ ချန်ပီယံဆုအကြောင်းပြောဖြစ်ပါတယ်။ ကျွန်တော်တို့ကို နယူးကာဆယ် ၊ ဗီလာ ၊ စီးတီးတို့လိုက်မီလာတာသိပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် မှတ်ပေးဇယားက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်လောက်တိုးတက်လာလဲဆိုတာက အဓိကပါ။ ဒီနေ့မှာ ကျွန်တော်တို့ စွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေဆိုတာ အသင်းတိုင်းမှာဖြစ်တတ်ပါတယ်။

ကျွန်တော်တို့ နိုင်ပွဲမရတာကြာပါပြီ။ အကြောင်းအရင်းက ပွဲတိုင်းက မတူညီတာကြောင့်ပါ။ ဒီနေ့မှာ ကျွန်တော်တို့ အနိုင်မရခဲ့လို့ စိတ်ပျက်မိပေမယ့် ပွဲတွေအနိုင်ကန်ချင်တယ်ဆိုရင် ရလာတဲ့အခွင့်အရေးကို အမိအရ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ခံစစ်က မာကျောမှုမရှိရင် ကျွန်တော်တို့ ချေပဂိုးတွေပြန်ပေးနေရမှာပါ”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular