spot_img

ပေါ့ဘာကြောင့် လီဗာပူး နဲ့ပွဲအတွက် ဦးနှောက် စားရ နိုင်ချေ ရှိတဲ့ ဆိုးရှား

ပေါ့ဘာ ဟာ မနေ့ ညက ကစား ခဲ့တဲ့ ဘန်လေ နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစား ပေးသွားခဲ့ ပါတယ် ။ ပြင်သစ်သား ဟာ ကွင်းလယ်မှာ ဘောလုံးကို ကိုင်ထား နိုင်ခဲ့ သလို အရေးပါတဲ့ တိုက်စစ်ဆင် ပေးပို့ ဖန်တီးမှုတွေကို လည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။ အားလုံးထက် အရေးပါ ခဲ့တာ ကတော့ ဒုတိယပိုင်း 71 မိနစ် မှာ အနိုင် ၃ မှတ် ရစေမယ့် ဂိုးကို ဧရိယာ အပြင်ဘက် ကနေ လှလှ ပပ ကန်သွင်းပေး ခဲ့တာ ပါပဲ ။

ပေါ့ဘာ ဟာ ရာသီ မစတင်မီ မှာ ကိုဗစ် ကူးစက် ခံခဲ့ရပြီး ရာသီ အစပိုင်း မှာ ပုံစံကောင်း ရဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ စပါး ကို ၆ – ၁ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲ အပြီးမှာတော့ နည်းပြ ဆိုးရှား ဟာ ပေါ့ဘာ ကို ပွဲထွက်ခွင့် သိပ်မပေး တော့ဘဲ အရန်ခုံမှာ သာ အထိုင်များ စေခဲ့တာကြောင့် ပေါ့ဘာရဲ့ အေးဂျင့် နဲ့ အဆင်မပြေမှု အချို့ပင် ရှိလာခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ပြင်သစ် ကွင်းလယ်လူဟာ သူ့ရဲ့ အရည် အသွေးကို တဖြည်းဖြည်း ပြန်လည် ပြသ လာနိုင် ခဲ့ပြီး ယူနိုက်တက် ရဲ့ ကွင်းလယ်မှာ အရေးပါသူ ဖြစ်ကြောင်း ဖန်တီးမှုတွေ ၊ ကွင်းလယ် စိုးမိုးမှုတွေ ၊ သွင်းဂိုးတွေနဲ့ သက်သေ ပြလာနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့ မှာ မဟာ ပြိုင်ဘက် လီဗာပူး ရဲ့ အန်ဖီးလ် ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ လက်ရှိ အဆင့် ၁ နေရာမှာ ရပ်တည် နေတဲ့ မန်ယူနိုက်တက် အတွက် အလွန် အရေးပါတဲ့ ပွဲ ဖြစ်လာမှာပါ ။

ဘာကြောင့်လည်း ဆိုတော့ ဒီပွဲကို နိုင်မယ် ဆိုရင် သူတို့ ရာသီဝက် ချန်ပီယံ ဖြစ်လာမှာပါ ။ သရေ ကျခဲ့မယ် ဆိုရင်တောင် မှ လာမယ့် ပွဲကို အနိုင် ကစား နိုင်ခဲ့မယ် ဆိုရင် မန်ယူနိုက်တက် ရာသီဝက် ချန်ပီယံ ဖြစ်ပါပြီ ။ ရာသီဝက် ချန်ပီယံ တိုင်းလိုလို ရာသီ အကုန်မှာ ဗိုလ်စွဲ ဖူးတဲ့ အတိတ် သမိုင်းတွေ ရှိခဲ့တာ ကြောင့် ရာသီဝက် ချန်ပီယံ ဖြစ်ရေးဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ ပစ်မှတ် ဖြစ်လာခဲ့ ပါတယ် ။

လီဗာပူး ဟာ မနှစ် က ပရီးမီးယားလိဂ် ဖလား ကို ပထမဆုံး ( အမည်သစ် ပြောင်းလဲ အပြီး ) အကြိမ် ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ အမှတ်ပေး ဖလား ရရှိမှု မှာ ယူနိုက်တက် က အကြိမ် ၂၀ ၊ လီဗာပူး က ၁၉ ကြိမ် နဲ့ ရှိနေ ကြတာပါ ။ ဒီနှစ် မှာ လီဗာပူး သာ ဖလား ထပ် ရခဲ့ရင် ၂ နှစ်ဆက် ချန်ပီယံ ဖြစ်လာမှာ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် ရဲ့ ဖလား အရေအတွက် ကိုလည်း လိုက်မီ သွားမှာပါ ။

ဒီလို မဖြစ်ရအောင် လာမယ့် တနင်္ဂနွေနေ့ မှာ ယူနိုက်တက်တို့ ရှုံးလို့ မဖြစ်ပါဘူး ။ ရလဒ်ပိုင်း ထက် စိတ်ဓါတ်ပိုင်း မှာ ပိုပြီး ထိခိုက်သွား နိုင်တာကြောင့်ပါ ။ ဒါကြောင့် ဆိုးရှား အနေနဲ့ ဒီပွဲကို သေချာ ပြင်ဆင်ပြီး မှန်ကန်တဲ့ ကစားကွက် နဲ့ လူစာရင်း ကို ချမှတ် နိုင်ဖို့ လိုပါတယ် ။

ပုံမှန်အားဖြင့်တော့ ဆိုးရှား ဟာ ဒီလိုပွဲမျိုးတွေ မှာ အဖျက်အားသန်ပြီး လုပ်အား ကောင်းတဲ့ ဖရက်ဒ် နဲ့ တော်မီနေး တို့ကို ကွင်းလယ်မှာ နေရာပေးလေ့ ရှိပါတယ် ။ ဒါပေမယ့် အခုလို ပေါ့ဘာ ဆက်တိုက် ခြေစွမ်းပြနေ တာက ဆိုးရှား ကို လီဗာပူး နဲ့ ပွဲ အတွက် လူရွေးရ ခက်ဖို့ ဖြစ်လာ စေခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ကို မထည့်ဘဲ ဆိုးရှား မနေရဲ ပါဘူး ။ ပေါ်တူဂီသား ကျိန်းသေ ပါလာမှာပါ ။ ဒါကြောင့် ပေါ့ဘာ ကိုပါ ထည့်ကစားမယ် ဆိုရင် ကွင်းလယ်လူ ၄ ယောက်အထိ ရှိလာပြီး ရှေ့တန်းမှာ လူ လျော့ဖို့ စဉ်းစား ရတော့ မှာပါ ။ တကယ်လို့ ၃-၅-၂ နဲ့ ကစားမယ် ဆိုရင်တော့ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် တို့ထဲက တစ်ယောက်ယောက် ကို ဆိုးရှား ချန်ရတော့ မှာပါပဲ ။

၃-၅-၂ ၊ ၄-၄-၂ စိန်ပွင့် နဲ့ ၄-၃-၃ ကစားကွက် ၃ ခုထဲက တစ်ခုကို ဆိုးရှား ရွေးမှာပါ ။ ပေါ့ဘာ ကို ထည့်ရင် တိုက်စစ်မှာ လူလျော့ ရပါမယ် ၊ ရက်ဖိုဒ့် ကာဗာနီ နဲ့ မာရှယ် တို့ထဲက တစ်ယောက်ယောက် ကို အနားပေး ရမှာပါ ။ ရာသီ အစ ပိုင်းတုန်း ကတော့ ပေါ့ဘာ ကို ခေါက်ထားတာက ဘာပြဿနာ မှ မရှိပါဘူး ။ အခု သူ့ကို နေရာမပေးရင် ဝေဖန်ရေး ဆရာတွေ နဲ့ ရင်ဆိုင်ရမှာပါ ။

ဆိုးရှာ ဘယ်လို ကစားကွက် နဲ့ လီဗာပူး ကို ရင်ဆိုင်မလဲ . . .

ပေါ့ဘာ ကို နေရာပေးမှာလား . . .

ပေါ့ဘာ ပါမယ်ဆိုရင် ရှေ့တန်းက ဘယ်သူ့ကို အရန်ခုံ မှာ ထားမလဲ . . . .

တနင်္ဂနွေနေ့ ည မှာ သိရတော့မှာပါ ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular